DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာ ကွာရန်တင်းစင်တာတွင် အစားအသောက်နှင့် နှာခေါင်းစည်းကအစ ဝယ်သုံးနေရ
DVB
·
July 12, 2021
ရွှေပြည်သာ ကွာရန်တင်းစင်တာတွင် အစားအသောက်နှင့် နှာခေါင်းစည်းကအစ ဝယ်သုံးနေရ
1 / 3
Donate to DVB

ရွှေပြည်သာမြို့နယ်က ကွာရန်တင်းစင်တာမှာ နေထိုင်ရတာ တော်တော် ဆိုးရွားပြီး အစားအသောက်နဲ့ နှာခေါင်းစည်းကအစ ဝယ်နေရတယ်လို့ သိရပါတယ်။

စင်တာမှာ ရောက်နေသူတယောက်က “စစ်ကောင်စီက ရွှေပြည်သာမှာ ကွာရန်တင်းစင်တာဖွင့်တယ်ဆိုပြီး မီဒီယာတွေမှာ ပုံတွေတက်လာရော၊ ဘယ်ဟုတ်ရမှာလဲ၊ အဲ စင်တာက အာဏာမသိမ်းခင် ကိုဗစ် ဒုတိယလှိုင်းကတည်းက ဖွင့်ထားတာ။ ကွန်ပြူတာနားက အစာစပ်စက်ရုံမှာ ဖွင့်ထားတာ။ လိုအပ်ချက်အရှိဆုံးနဲ့ အခက်အခဲအရှိဆုံး စင်တာတခု။ ကုတင်မရှိဘူး၊ ကွပ်ပျစ်ပဲ ရှိတယ်” လို့ ပြောပါတယ်။ 

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ စေတနာ့ဝန်ထမ်းတွေ အလှူရှင်တွေ ရှိနေခဲ့တာတောင် အခက်အခဲရှိခဲ့တဲ့ အဲဒီစင်တာဟာ အခုတော့ ငရဲနဲ့ အချုပ်ထောင် နီးပါးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကွာရန်တင်းဝင်နေသူတယောက်က “အခန်းမရှိဘူး။ ကွပ်ပျစ်နဲ့ သင်ဖြူးဖျာပဲရှိတယ်။ ခြင်ထောင်ပါမလာရင်တော့ ကိုဗစ်နဲ့ မသေရင်တောင် ငှက်ဖျားနဲ့သေမှာ။ ရေချိုးရမဲ့နေရာလည်း တနေရာပဲ ရှိတယ်။ သံသယလူနာလည်း အဲမှာချိုး၊ ကျူ ဝင်နေတဲ့ မိသားစုတွေလည်း အဲမှာ ချိုးရတယ်။ ဘာဆေးမှလည်း လာမတိုက်ပါဘူး။ ပါရာစီတမောတောင် လိုအပ်ရင် သူတို့ကို ဝယ်ခိုင်းရတယ်။ လက်သန့်ဆေးနဲ့ နှာခေါင်းစည်းလည်း ဝယ်ရတယ်” လို့ ပြောပါတယ်။

ဒါဟာ စင်တာ တာဝန်ရှိသူတွေက ရောင်းတာလား၊ အပြင်က မှာပေးတာလားတော့ မသိရဘူးလို့ ဆိုပါတယ်။

ကွာရန်တင်းဝင်နေသူတွေထဲက သံသယလူနာဖြစ်လာခဲ့တယ်ဆိုရင်လည်း အဲဒီနေရာကို ပိုးသတ်တာမလုပ်ဘဲ နောက်ထပ်လူတွေ ဆက်ပြီးနေခိုင်းတယ်လို့လည်း ဆိုပါတယ်။

“ဒီမှာ volunteer ၃၄ ယောက်လောက်ပဲ ရှိတယ်။ အရမ်းကို စိတ်ပျက်ဖို့ကောင်းတယ်။ နေ့လယ်စာနဲ့ ညနေစာ ၂ နပ်အတွက် ၂၄၀၀ ပေးရတယ်။ မနက်စာကတော့ မရဘူး။ စားချင်ရင် အပြင်က မိတ်ဆွေတွေကို မှာရတယ်။ KMT တံဆိပ် ရေတလီတာ ၆ ဘူးကို ၁၁၀၀ ပေးရတယ်။ တခြားတံဆိပ်ဆိုရင်တော့ သူ့အလိုက် ဈေးကြီးတယ်" လို့လည်း ပြောပါတယ်။

လက်ရှိ အမျိုးသားအဆောင်မှာ အယောက် ၄၀ ရှိပြီး ဒီမနက်ကပဲ အဲဒီကနေ ပိုးတွေ့ လူနာ အယောက် ၂၀ ကို ရိုးမစင်တာကို ပို့လိုက်တယ်လို့ သိရပါတယ်။

ကွာရန်တင်းကို ၁၁ ရက်ဝင်ရတာဖြစ်ပြီး ဒီအတွင်းမှာ ကိုဗစ် ၂ ကြိမ် စစ်ဆေးတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013