DVB Logo
Home
မြန်မာသတင်း
တရုတ်တွင် ထောင်ဒဏ်ကျခံပြီး ပြန်လွှဲပြောင်းသူများ ကွာရန်တင်းစင်တာ၌ အစားအသောက် ခက်ခဲနေ
DVB
·
July 3, 2021
တရုတ်တွင် ထောင်ဒဏ်ကျခံပြီး ပြန်လွှဲပြောင်းသူများ ကွာရန်တင်းစင်တာ၌ အစားအသောက် ခက်ခဲနေ
Donate to DVB

မူဆယ်မှာ တရုတ်နိုင်ငံမှာ အကျဉ်းကျပြီး ပြန်လွှဲပြောင်းပေးခဲ့တဲ့ မြန်မာနိုင်ငံသားတွေအတွက် ကွာရန်တင်းစင်တာမှာ အစားအသောက် ခက်ခဲနေတယ်လို့ မူဆယ် တရုတ်ကျောင်း ထောင်လွှဲတာဝန်ခံ ဦးမန်းမျိုးမြင့်က ပြောပါတယ်။

“အဓိကက ကျွေးဖို့ မွေးဖို့အတွက် အခက်အခဲ ဖြစ်နေတယ်။ အကျဉ်းထောင်က လာတဲ့သူတွေက ခရီးဝေးတွေပဲ။ မတတ်နိုင်ကြဘူး။ ထမင်းတွေကျတော့ စင်တာက ကျွေးမွေးရတာ။”

အသက် ၁၉ ရက် သမီးနဲ့ ၃ လ သမီး အပါအဝင် တရုတ်နိုင်ငံ အကျဉ်းထောင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရကာ ထောင်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား ၁၈၈ ဦးအား ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံ၊ ရွှေလီပြည်ဝင်/ ပြည်ထွက် နယ်စပ်ကာကွယ် စစ်ဆေးရေးဌာနကနေ မြန်မာနိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မူဆယ်တရုတ်ကျောင်း ကွာရန်တင်းစင်တာမှာ လက်ခံထားရှိတာလည်း ဖြစ်ပါတယ်။

ပုံမှန် အပတ်စဉ်သောကြာနေ့တိုင်း လွှဲပြောင်းယူကာ ပိုးစစ်ပြီး ပိုးကင်းစင်ပါက မိမိတို့ နေရပ်ဒေသ အသီးသီးကို ပို့ဆောင်ပေးနေပေမယ့် အခုမှာတော့ ပိုး ၂ ခါစစ်၊ ကွာရန်တင်း ၁၁ ရက် ထားရှိရကာ ဇူလိုင် ၂ ရက်နေ့  လွှဲပြောင်းယူရမှာ ဖြစ်ပေမယ့် ဇွန် ၂၅ ရက်နေ့ လွှဲပြောင်းပေးသူတွေကို မလွှတ်ရသေးတာကြောင့် လက်ခံဖို့နေရာ အခက်အခဲပါ ဖြစ်နေတာလို့ တရုတ်ကျောင်း Quarantine Center တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပထမ လူတွေတောင် မထုတ်ရသေးဘူး။ ပို့ရမယ့်လူ မပို့ရသေးဘူး။ ကွာရန်တင်း ၁၁ ရက်ထားရမယ်ဆိုလို့ တိုင်တွေပတ်နေတယ်။ ပထမအကြိမ် သွေးစစ်တာတော့ Negative ဖြစ်သွားပြီ။ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုပ်၊ ကြက်သွန်‌ အလှူရှင်လိုအပ်နေတယ်။”

လွှဲပြောင်းပေးလိုက်တဲ့ အကျဉ်သားတွေ‌ကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး၊ မွေးခါစ ကလေး အသက် ၁၉ ရက် မိန်းကလေး ၁ ဦးနဲ့ အသက် ၃ လ သမီး တစ်ဦးအပါအဝင် အမျိုးသမီး ၅၅ ဦး၊ အမျိုးသား ၆၃ ဦး၊ စုစုပေါင်း ၁၁၈ ဦး ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ အများစုမှာ ထောင်ဒဏ် ၄ လ ကျခံသူတွေဖြစ်ပြီး တချို့က ၁၁ လ၊ ၁ နှစ်ဖြစ်ကာ နှစ်ကြီးသမား အမျိုးသမီးကြီး ၂ ဦး၊ ၁၀ နှစ်သမား ၁ ဦး၊ အနှစ် ၂၀ သမား ၁ ဦးပါဝင်ပြီး လ.ဝ.က မှု အများဆုံးပါဝင်ကာ နှစ်ကြီးသမား ၂ ဦးက ငွေကြေးလိမ်လည်မှုနဲ့ လူကုန်ကူးမှုတွေပါတယ်လို့ ဆိုပါတယ်။

မူဆယ်မြို့ကို Stay at home သတ်မှတ်လိုက်တဲ့ မြို့‌တွေက လာရောက်မယ့်သူတွေ ကိုယ့်စရိတ်နဲ့ကိုယ် ကွာရန်တင်း ၁၁ ရက် ၀င်ရမှာဖြစ်ပြီး ဆေးစစ်ခလည်း ကုန်ကျခံရမှာ ဖြစ်ကြောင်း မူဆယ်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသ ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ထောင်လွှဲတွေကိုတော့ စင်တာက ကုန်ကျခံရတာဖြစ်ပြီး ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယ လှိုင်းကလို အလှူရှင် မရှိတော့တဲ့အပြင် ပရဟိတအသင်းတွေလည်း နည်းပါးနေတာကြောင့် ရက်ရှည် ကျွေးမွေးထားဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

လက်ရှိ အကျဉ်းသားတွေကတော့ တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ်၊ ကွေ့ကျိုးပြည်နယ်၊ အမ်းဟွေးပြည်နယ်၊ စန်းတုံးပြည်နယ်၊ ကျိလင်ပြည်နယ်၊ ကွမ်းရှီးပြည်နယ်၊ ကျန်းစူးပြည်နယ် တို့မှာရှိတဲ့ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံခဲ့ရသူတွေ ဖြစ်ပါတယ်။

Pra Jaw၊ Photo - မန်းမျိုးမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013