DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် ပဲခူး ၁၈ မြို့နယ်ကို Stay at Home ထပ်မံကြေညာ
DVB
·
July 12, 2021
ရန်ကုန်နှင့် ပဲခူး ၁၈ မြို့နယ်ကို Stay at Home ထပ်မံကြေညာ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးက  ၁၂ မြို့နယ်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးက ၆ မြို့နယ် စုစုပေါင်း ၁၈ မြို့နယ်ရှိပြည်သူတွေအနေနဲ့ နေအိမ်တွေမှာပဲနေထိုင်ဖို့  စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက   Stay at Home   အမိန့် ဇူလိုင် ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

Stay at Home  အစီအစဉ် အကျုံးဝင်တဲ့ မြို့နယ်တွေကတော့ ရန်ကုန်တိုင်းဒေသကြီးက တိုက်ကြီး၊  တာမွေ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ရန်ကင်း၊ သာကေတ၊ သင်္ဃန်းကျွန်း၊ ခရမ်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း ၊ဒဂုံနဲ့  လှိုင်မြို့နယ်တို့ ပါဝင်ပါတယ်။ 

ပဲခူးတိုင်းဒေသကြီးက အုတ်တွင်း၊ ကဝ ၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ဝေါနဲ့ အုတ်ဖို မြို့နယ်တို့ လည်းပါဝင်ပါတယ်။

အဆိုပါမြို့နယ်တွေမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေတွေ့ရှိမှု များပြားလာတဲ့အတွက် ပြည်သူတွေ အနေနဲ့ အိမ်မှာသာနေကြဖို့လိုအပ်တဲ့အတွက် အခုလိုထုတ်ပြန်တာလို့ ဆိုပါတယ်။ 

အဆိုပါအမိန့်ဟာ ဇူလိုင် ၁၂ ရက် မနက် ၄ နာရီ စတင်အသက်ဝင်မှာဖြစ်ပြီး မလိုက်နာသူတွေ တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့လည်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးအမိန့်နဲ့ ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်ကလည်း ရန်ကုန်တိုင်း ၁၀ မြို့နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၃ ခုရှိ မြို့နယ် ၁၄ မြို့နယ်ကို Stay at home သတ်မှတ်ကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။

(ဓာတ်ပုံ- ရန်ကုန်မြို့ တာမွေမြို့နယ်တစ်နေရာ- ယခင်ပုံဟောင်း)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013