DVB Logo
Home
မြန်မာသတင်း
အမှန်တကယ် လိုအပ်သူများ ရရှိရန် မန္တလေး အောက်ဆီဂျင်အခမဲ့စင်တာ စည်းကမ်းချက်ထုတ်
DVB
·
July 12, 2021
အမှန်တကယ် လိုအပ်သူများ ရရှိရန် မန္တလေး အောက်ဆီဂျင်အခမဲ့စင်တာ စည်းကမ်းချက်ထုတ်
1 / 4
Donate to DVB

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၆ လမ်းနဲ့ ၆၁ လမ်းထောင့်ရှိ အောက်ဆီဂျင် အခမဲ့စင်တာမှာ အောက်ဆီဂျင်လာဖြည့်သူတွေ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ဇူလိုင် ၁၁ ရက် ညပိုင်းက ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၂ ရက်ကစတင်ပြီး လာရောက်သူတွေ၊ အောက်ဆီဂျင်လာဖြည့်သူတွေအနေနဲ့ မှတ်ပုံတင်မူရင်း၊ လူနာအမည်၊ ဆေးခန်းတခုခုရဲ့ ထောက်ခံစာအားလုံး အပြည့်စုံပါတဲ့သူတွေကိုသာ ဖြည့်ပေးမှာဖြစ်ပြီး လူတစ်ဦးကို အောက်ဆီဂျင် တစ်အိုး ဖြည့်ပေးမယ်လို့ ဆိုပါတယ်။

အခုလို စည်းကမ်းထုတ်ရတာဟာ လုပ်စားနေတဲ့ အချောင်သမားတွေ ရှိနေတာကြောင့် အမှန်တကယ် အခက်အခဲဖြစ်နေတဲ့ လူနာတွေ မရဘဲ နစ်နာမှုတွေ ရှိလာတာကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်ဆီဂျင်အခမဲ့စင်တာကို စိန်ဂျွန်းလူမှုကူညီရေးအသင်းနဲ့ မင်းကွန်းသားလေး (တစ်ကိုယ်တော်ပရဟိတ) တို့ ပူးပေါင်းပြီး အခမဲ့ကုသိုလ်ပြုနေတာ ဖြစ်ပါတယ်။

အောက်ဆီဂျင်အခမဲ့စင်တာမှာ နေ့စဉ် မနက် ၉ နာရီခွဲကနေ ၁၂ နာရီအတွင်း တစ်ကြိမ်၊ နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီခွဲအတွင်း တစ်ကြိမ် အခမဲ့ အောက်စီဂျင်ဖြည့်ပေးနေတာ ဖြစ်ပါတယ်။

Photo - မင်းကွန်းသားလေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013