DVB Logo
Home
မြန်မာသတင်း
ကန်ကြီးထောင့်တွင် Mask မတပ်သူများ ဒဏ်ကြေး ၅၀၀၀ ပေးရမည်
DVB
·
July 12, 2021
ကန်ကြီးထောင့်တွင် Mask မတပ်သူများ ဒဏ်ကြေး ၅၀၀၀ ပေးရမည်
Donate to DVB

ကန်ကြီးထောင့်မြို့မှာ ဇူလိုင် ၁၆ ရက်နေ့က စတင်ပြီး Mask မတပ်သူတွေ ပထမအကြိမ် ဒဏ်ကြေး ၅၀၀၀ ပေးဆောင်ရမှာဖြစ်ပြီး ဒုတိအကြိမ် မလိုက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မြို့နယ်ကိုဗစ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ကန်ကြီးထောင့်မြို့ ပြည်သူတွေအနေနဲ့ နေအိမ်မှာသာ နေထိုင်ဖို့နဲ့ မဖြစ်မနေသွားလာရပါက Mask၊ Face shield နဲ့ လက်အိတ်တွေ ဝတ်ဆင်သွားဖို့ အသိပေးထားပါတယ်။

အိမ်အပြင်ထွက်ပါက mask တပ်သွားဖို့၊ Mask မတပ်ဘဲသွားလာသူတွေ ပထမအကြိမ် ဒဏ်ကြေး ၅၀၀၀ ပေးပြီး mask ၂ ခု ပြန်ပေးမှာဖြစ်ကာ ဒုတိယအကြိမ်တွေ့ရှိပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ လူစုလူဝေး မပြုလုပ်ဖို့၊ ကန့်သတ်ချက်တွေ လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ကန်ကြီးထောင့်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၅၀ ကျော်နဲ့ သေဆုံးသူ ၄ ဦး ရှိပြီး အတည်ပြုလူနာတွေကို မြို့နယ်ဆေးရုံ၊ ဆေးရုံဟောင်း၊ သဘာဝဘေ ကြုံပါက ထားရှိဖို့ ဆောက်ထားတဲ့နေရာတွေမှာ ကုသပေးနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း​ဒေသကြီးအတွင်း ပုသိမ်၊ ​မြောင်းမြနဲ့ သာ​ပေါင်းမြို့နယ်တွေကို Stay at home အဖြစ် သတ်မှတ်ထား​တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013