မကွေးမြို့မှာ ဇူလိုင် ၁၁ ရက်နေ့က အချုပ်သား ၁၀ ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ယောက် ၄၀ ဦးတွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
မကွေးမြို့မရဲစခန်းက အချုပ်သား ၁၀ ယောက်အပါအဝင် စစ်ကောင်စီရဲ့ဝန်ထမ်း ၁၉ ယောက်နဲ့ ဒေသခံပြည်သူ ၁၁ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ပရဟိအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
ကိုဗစ်ရောဂါပိုး ကူးစက်ခံရတဲ့ စစ်ကောင်စီရဲ့ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေကိုတော့ မကွေးတိုင်းပြည်သူဆေးရုံ ၅ ထပ်ဆောင်မှာကုသပေးမှာဖြစ်ပြီး အချုပ်သား ၁၀ ယောက်ကို ဘယ်မှာကုသပေးမယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။
မကွေးတိုင်းအတွင်းမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၃၀၀ ကျော်ရှိပြီး သေဆုံးတဲ့သူ ၁၉ ယောက်ရှိပြီလို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။