DVB Logo
Home
မြန်မာသတင်း
တာဝန်မှယာယီရပ်ဆိုင်းခြင်းအပေါ် လက်မခံကြောင်း KNDO စစ်ဦးစီးချုပ်နယ်ဒါးမြ ပြော
DVB
·
July 11, 2021
တာဝန်မှယာယီရပ်ဆိုင်းခြင်းအပေါ် လက်မခံကြောင်း KNDO စစ်ဦးစီးချုပ်နယ်ဒါးမြ ပြော
Donate to DVB

ကရင်အမျိုးသားအစည်းရုံး (ကေအန်ယူ) ဗဟိုကော်မီတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတဲ့အပေါ် လက်မခံနိုင်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်နယ်ဒါးမြက ဒီကနေ့ ကရင်လူထုတွေကို အသိပေးပြောကြားလိုက်ပါတယ်။

KNDO ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့တင်လာတဲ့ ဗိုလ်မှူးချုပ်နယ်ဒါးမြကိုယ်တိုင် ကရင် ဘာသာနဲ့ ပြောဆိုတဲ့ ရုပ်သံမှာ “ ဗဟိုကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကျနော်နဲ့ ဗိုလ်ကြီးဘာဝါးကို တာဝန်ကနေ ဆိုင်းငံ့ထားတာနဲ့ပတ်သက်လို့ ဒါဟာ ရန်သူရဲ့ အလိုအတိုင်းလိုက်လုပ်တာဖြစ်တယ်လို့ မြင်ပါတယ်။ အခုချိန်ဟာ တိုက်ပွဲရှိနေတဲ့ကာလဖြစ်တယ်။ တာဝန်ကနေ ရပ်ဆိုင်းလိုက်ရင် ရန်သူကို ရှင်းလင်းရမှာတွေဘာတွေ လုပ်ဆောင်လို့ မရတော့ဘူး။ ဒါကြောင့် သူတို့ဟာ ရန်သူရဲ့လုပ်ငန်းကို လုပ်ဆောင်ပေးနေတယ်လို့ မြင်တယ်။ ဒါကြောင့် သူတို့ရဲ့  ထုတ်ပြန်ထားတဲ့စာကို လက်မခံနိုင်ဘူး။ ဒီကြောင်းကိုလည်း ကော်သူလေနယ်မြေတခုလုံးကိုလည်း ကျနော် ကြေးနန်းပို့ထားပါတယ်။” လို့ကရင်လို ပြောဆိုသွားပါ။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်နယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါးတို့ကို ကေအန်ယူက တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ဇူလိုင် ၈ ရက်နေ့က အသိပေးစာထုတ်ပြန်ခဲ့တာပါ။

ကရင်ပြည်နယ်၊ ဝေါလေမြို့ ကနဲလေးကျေးရွာအနီးမှာ လူ ၂၅ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံ ခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူက စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အဓိကတာဝန်ရှိတဲ့ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါး တို့ကို တာဝန်က ယာယီရပ်ဆိုင်းလိုက်တာဖြစ်ကြောင်း  ဇူလိုင် ၅ ရက်နေ့က အရေးပေါ်ဗဟိုကော်မီတီအစည်းအဝေးခေါ်ယူပြီး  ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်နယ်ဒါးမြနဲ့ ဗိုကြီးစောဘာဝါးကို တာဝန်မှ ယာယီရပ်ဆိုင်းထားတဲ့ပေါ် ကရင်ထုအများစုက လက်မခံကြဘဲ တာဝန်ကနေ ယာယီရပ်ဆိုင်းကြောင်း လက်မှတ်ထိုးထားတဲ့  ပဒိုရောဂျာခင်ကိုလည်း  ဝေဖန်ပြစ်တင်မှုတွေ ရှိနေကြပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် ကနဲလေး- မောခီးသွားကားလမ်း၊ အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းက အလုပ်သမား ၄၇ ဦးကို မေလ ၃၁ ရက်နေ့မှာ KNDO ဗိုလ်ကြီး စောဘာဝါး ဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မြန်မာစစ်တပ်က ဇွန်လ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ဒီဖြစ်စဉ်ကို အရေးယူနိုင်ဖို့ မြန်မာစစ်တပ်ဘက်က ကေအန်ယူဌာနချုပ်ကို  အကြောင်းကြားစာ ပေးပို့ပြီးနောက်  ဇွန်လ ၁၆ ရက်နေ့မှာ ကေအန်ယူက ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီးအနောက် အဓိက တာဝန်ရှိတဲ့ ဗိုလ်မှူးချုပ်နယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါးကို အခုလို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013