DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးမြို့အနီး မြေငလျင်လှုပ်
DVB
·
July 11, 2021
ပင်လည်ဘူးမြို့အနီး မြေငလျင်လှုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့အနီးမှာ ဇူလိုင် ၁၀  ရက်ညပိုင်းက ပြင်းအား ရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ 

မနေ့ည မြန်မာစံတော်ချိန် ၇ နာရီ၊ ၁၉  မိနစ်၊  ၃၁  စက္ကန့် အချိန်က တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၅၇ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ပင်လည်ဘူးမြို့ရဲ့ အနောက်တောင်ဘက်  ၂၄ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

ဇူလိုင် ၉ ရက်  ဒီနေ့မနက်ကလည်း  စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီးမှာ  အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားပါတယ်။ အဆိုပါ ငလျင်တွေကြောင့် လူတွေနဲ့ အဆောက်အဦတွေ  ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မကြားသိရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013