DVB Logo
Home
ကျန်းမာရေး
လူစုလူဝေးမပြုလုပ်ကြရန် အာဏာသိမ်းစစ်ခေါင်းဆောင်တိုက်တွန်း
DVB
·
July 10, 2021
လူစုလူဝေးမပြုလုပ်ကြရန် အာဏာသိမ်းစစ်ခေါင်းဆောင်တိုက်တွန်း
Donate to DVB

ဝါဆိုလပြည့်နေ့၊ အီဒုလ်အဿွာဟာနေ့နဲ့ အာဇာနည်နေ့တွေမှာ လူစုလူဝေးတွေ ဖြစ်ပေါ်လာနိုင်လို့ ကိုဗစ်-၁၉ ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေ တိကျစွာ အလေးထားလိုက်နာဖို့နဲ့ လူစုလူဝေးတွေ မပြုလုပ်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတိုက်တွန်း ပြောပါတယ်။ 

ဇူလိုင် ၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်အနက်   ၂၉၆ မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုရှိကြောင်း၊ ကိုဗစ်-၁၉နဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို အများပြည်သူတွေ တိတိကျကျလိုက်နာဖို့နဲ့  လူစုလူဝေးတွေမပြုလုပ်ရန်လိုအပ်ပြီး အခုအချိန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဟာ နိုင်ငံအတွက်အရေးကြီးတဲ့ အနေအထားတစ်ခုဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးလည်း  အိန္ဒိယနိုင်ငံကနေ ဆေးအလုံးသန်း ၃၀ ဝယ်ခဲ့ရာမှာ ပထမအသုတ် ၂ သန်းရောက်လာပြီးနောက် ဆက်ပေးဖို့အတွက် အခက်အခဲတွေရှိကြောင်း၊ ရုရှားနိုင်ငံကို သွားတဲ့အချိန်မှာလည်း  ဆေး ၂ သန်း လိုချင်တယ်လို့ ပြောခဲ့ရာမှာ ဒီလထဲမှာ ဆေးအလုံးရေး သောင်းဂဏန်းလောက် စပို့မယ့်အကြောင်းနဲ့ တရုတ်နိုင်ငံကလည်း နောက်ထပ်ပြီး ၅ သန်း ရောင်းချပေးထားတယ်လို့လည်းဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ တိုင်းသူပြည်သားတွေရဲ့ တာဝန်သိသိ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့လုပ်မယ်ဆိုရင်တော့ ကျော်လွှားနိုင်မယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံမှ ဇွန်လ ၂၇ ရက်က ပြန်လာပြီးနောက်   သတင်းနှစ်ပတ်ကြာ လူမြင်ကွင်းကိုထွက်မလာဘဲ ကွယ်ပျောက်နေရာက မနေ့က ပထမဆုံးအကြိမ် ကိုဗစ် အစည်းအဝေး တက်ရောက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၃၂၀ ယောက်၊ သေဆုံးသူ ၆၄ ယောက်  ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၈၄,၃၇၅ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၉ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013