DVB Logo
Home
မြန်မာသတင်း
ကန်ပိုက်တီနယ်စပ်မြို့၌ အကောက်ခွန်၀န်ထမ်းမှတဆင့် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၈ ဦးထိရှိလာ
DVB
·
July 10, 2021
ကန်ပိုက်တီနယ်စပ်မြို့၌  အကောက်ခွန်၀န်ထမ်းမှတဆင့် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၈ ဦးထိရှိလာ
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ တရုတ်-မြန်မာကုန်သွယ်ရေးနယ်စပ်၊ ကန်ပိုက်တီမြို့မှာ ဇူလိုင် ၉ ရက်နေ့ စစ်ဆေးချက်အရ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၈ ဦး တွေ့ရှိရတယ်လို့ မြို့နယ်ကုသရေးဦးစီးဌာန တာ၀န်ရှိသူတွေထံမှ သိရပါတယ်။

ရန်ကုန်ပြန် အကောက်ခွန်၀န်ထမ်းသစ် မိသားစုကနေ တဆင့် ကူးစက်တာဖြစ်ပြီး ရန်ကုန်မှာ ကတည်းက အနံ့ပျောက်နေပေမဲ့ stay at home  ကာလမဟုတ်လို့ ကွာရန်တင်းစင်တာမဝင်ဘဲ တိုက်ရိုက်မြို့တွင်း အလုပ်ခွင်သို့သို့၀င်ရောက်ရာမှပိုးတွေ့ရှိခဲ့တာပါ။

ဝန်ထမ်းသစ်မိသားစုနဲ့ ထိစပ်သူတွေများတာကြောင့် ပိုးတွေ့လူနာများလာတာဖြစ်တယ်လို့ မြို့နယ်ဆရာ၀န်က ပြောပါတယ်။ လက်ရှိမှာ အဆိုပါပိုးတွေ့လူနာအပါအ၀င် စုစုပေါင်း ၉ ဦးကို ကန်ပိုက်တီဆေးရုံမှာ ကုသပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကလည်း  ဖားကန့်ပြန်တရုတ်အမျိုးသား နှစ်ဦးအနက် တစ်ဦး တရုတ်ပြည် အ၀င်ဂိတ်မှာစစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့်အဆိုပါ တရုတ်အမျိုးသားနှစ်ဦးကို ဆိုင်ကယ်နဲ့ သွားရောက်ပို့ဆောင်ပေးတဲ့ နယ်ခြားစောင့်စစ်သားအပါအ၀င် ကန်ပိုက်တီ တစ်မြို့လုံးရှိဒေသခံတွေကို  တရုတ်ပြည်ဘက်ကနေ ကျန်းမာရေးစစ်ဆေးမှုတွေ လာရောက်ပြုလုပ်ပေးခဲ့ပါတယ်။

ကန်ပိုက်တည်မြို့ဟာ တရုတ်နဲ့ထိစပ်နေတာကြောင့်  တရုတ်ပြည်ဘက်မှ အထူးအလေးထားဟန်ရှိပြီး ပြီးခဲ့တဲ့ ဇွန်လကလည်း မြို့ခံတွေကို တရုတ်ပြည်ထုတ် တစ်ခါထိုး ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးကာ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်တွေထုတ်ပေးခဲ့ တယ်လို့ ကန်ပိုက်တည်မြို့ခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013