DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းတွင် ကိုဗစ်လူနာ ၁ ဦးထပ်မံသေဆုံး၊ အချုပ်သား ၁၇ ဦးအပါအဝင် အတည်ပြုလူနာ ၅၅ ဦးတွေ့
DVB
·
July 9, 2021
ဟုမ္မလင်းတွင် ကိုဗစ်လူနာ ၁ ဦးထပ်မံသေဆုံး၊ အချုပ်သား ၁၇ ဦးအပါအဝင် အတည်ပြုလူနာ ၅၅ ဦးတွေ့
Donate to DVB

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ ဇူလိုင် ၈ ရက်နေ့ ညနေပိုင်းက အချုပ်သား ၁၇ ယောက်ပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၅ ယောက် တွေ့ရှိခဲ့ပြီး ကိုဗစ်လူနာ ၁ ဦး ထပ်မံသေဆုံးတယ်လို့ သိရပါတယ်။

အခုသေဆုံးသူဟာ ဆေးကုသမှုခံယူရင်း သေဆုံးသွားတယ်လို့ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ဟုမ္မလင်းမြို့မှာ ကိုဗစ်သံသယရှိသူ ၁၀၅ ယောက်ကို စစ်ဆေးရာမှာ ၅၅ ယောက် ကိုဗစ်ပိုးတွေ့ခဲ့တာလို့ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“အခု ကိုဗစ်ကူးစက်သူတွေကို ဟုမ္မလင်းကောလိပ်ကျောင်းနဲ့ ပြည်သူဆေးရုံမှာထားတယ်။ အခြေဆိုးတဲ့သူတွေကို ဆေးရုံမှာကုသတယ်။ အခြေအနေကောင်းတဲ့သူတွေကို ဟုမ္မလင်းကောလိမ်ကျောင်းမှာ ထားတယ်။”

ဟုမ္မလင်းမြို့မှာ ဇူလိုင် ၈ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၉၈ ဦး၊ ဆေးရုံဆင်းသူ ၁၆၁ ဦးနဲ့ သေဆုံးသူ ၆ ဦးပြီလို့ ဆေးရုံစာရင်းတွေအရ သိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013