DVB Logo
Home
မြန်မာသတင်း
မကွေးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၇ ဦး စံချိန်တင်တွေ့ရှိ
DVB
·
July 8, 2021
မကွေးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၇ ဦး စံချိန်တင်တွေ့ရှိ
Donate to DVB

မကွေးမြို့မှာ စစ်ကောင်စီရဲ့ ဝန်ထမ်းမိသားစုဝင် အယောက် ၆၀ အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၇ ယောက်ထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေကနေသိရပါတယ်။

ကိုဗစ်-၁၉ သံသယလူနာတွေကို သီတဂူ မျက်စိဆေးရုံ ကိုဗစ်စစ်ဆေးရေးစင်တာမှာ စစ်ဆေးပေးခဲ့ရာ စစ်ကောင်စီရဲ့ ဝန်ထမ်းမိသားစု ၆၀ အပါဝင် တခြားဌာနက ဝန်ထမ်းမိသားစုတွေနဲ့ ရပ်ကွက်အသီးသီးကနေ့ အတည်ပြုလူနာ ၁၁၇ ယောက်ထိ တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အဲဒီအတည်ပြုလူနာတွေကို ပရဟိတအဖွဲ့ ၃ ဖွဲ့က လူနာတင်ယာဥ်တွေနဲ့ မကွေးတိုင်းဆေးရုံကြီး ၅ ထပ်ဆောင်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံမှာလည်း သောက်ရမဲ့ဆေးတွေကို ပြည်သူ့အစိုးရ လက်ထက်ကလို အလကားမပေးတော့ဘဲ ဝယ်သောက်နေရပြီး ထမင်းအလှူရှင်တွေလည်း မရှိတာကြောင့် မိမိနေအိမ်ကနေ ပို့ပေးနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013