DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် စစ်ဘေးရှောင် မုံးကိုးဒေသခံ ၃၀၀ ကျော် စားဝတ်နေရေး အခက်ကြုံ
DVB
·
July 8, 2021
တိုက်ပွဲကြောင့် စစ်ဘေးရှောင် မုံးကိုးဒေသခံ ၃၀၀ ကျော် စားဝတ်နေရေး အခက်ကြုံ
Donate to DVB

မြန်မာ - တရုတ်နယ်စပ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ဖောင်းဆိုင်ကျေးရွာအနီး စစ်တပ်နဲ့ MNDAA ကိုးကန့်တပ်တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ယာယီ တိမ်းရှောင်နေရတဲ့ ဒေသခံ ၃၀၀ ကျော် လက်ရှိ ခိုလှုံဖို့နေရာနဲ့ အစားအသောက် အရမ်းခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နှစ်ဖက်တပ်တွေ ဇူလိုင် လဆန်းကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး ဇူလိုင် ၆ ရက်နေ့မှာ ပိုပြင်းထန်လာတယ်လို့ ဆိုပါတယ်။

လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေလို့ မုံးကိုးမြို့ကိုလည်း ဇူလိုင် ၇ ရက်ညနေက Lockdown ချလိုက်လို့ ကူညီထောက်ပံ့ပေးမယ့်သူတွေလည်း သွားလာခွင့်မရ ဖြစ်နေတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဟုတ်တယ်။ ဒီညနေပဲ မုံးကိုး Lockdown ချလိုက်လို့လေ။ အစားအသောက်တွေလည်း ဘယ်သူမှ သွားပို့လို့မရလို့ ခက်နေတာ။ ကျနော်တို့လည်း ဘယ်သူမှ သွားလို့မရဘူး။ ကိုဗစ်ကြောင့် သွားလာဖို့နဲ့ သယ်ယူပို့ဆောင်ရေး လမ်းခရီး အရမ်းခက်ခဲတယ်။ ပိုခက်ခဲ ဒုက္ခရောက်လာမယ်။” 

တိုက်ပွဲတိမ်းရှောင်သူ လက်ရှိ လူဦးရေ ၃၃၀ ရှိပြီး တချို့က ဖောင်းဆိုင်ဘော်ဒါဆောင်ဘက်နဲ့ မန်ယာန်၊ ဘန်မွေးနဲ့ နောင်ခိုင် စတဲ့ ရွာတွေကတော့ တရုတ်နယ်စပ်ရှိ ဘန်ဝါရွာဘက်၊ တချို့က အနီးနား တောထဲတွေမှာ ထွက်ပြေးတိမ်းရှောင်ကြတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲက ကြာနိုင်တာကြောင့် လက်ရှိမှာ ခိုလှုံဖို့နေရာ၊ အစားအသောက် အခက်အခဲတွေ ရှိနေသလို အခုနေတဲ့ နေရာတွေကနေလည်း ထပ်ရှောင်ရဖို့ အခြေအနေရှိတယ်လို့ ဖောင်းဆိုင် ဘော်ဒါမှာ လာရောက် တိမ်းရှောင်နေသူတဦးက ပြောပါတယ်။

"စစ်ဖြစ်နေတာက ဒီတစ်ပတ် လုံးလုံး ရှိပြီ။ အရင်ပတ်တွေက ပဝမ်းဘက်ဖြစ်ကတည်းက ဒီ ဖောင်းဆိုင်ဘက် ဆုတောင်းတောင်နဲ့ အရမ်းနီးနေပြီ။ ဖောင်းဆိုင်ရွာနဲ့ အရမ်းနီးနေပြီ။ မနက်ဖြန် တောင် ဘယ်လို အခြေအနေ ဖြစ်လာမလဲ မသိတော့ဘူး။ ဖောင်းဆိုင်ရွာက ဘယ်ဘက် ထွက်ပြေးရမှန်း မသိတော့ဘူး။” 

မုံးကိုးမြို့နဲ့ ဖောင်းဆိုင်အပါအဝင် မုံးကိုးမြို့အနီးတဝိုက်မှာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေက ပြင်းထန်တဲ့ တကျော့ပြန် ပြည်တွင်းစစ်ကြောင့် ဒေသခံတွေ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013