DVB Logo
Home
မြန်မာသတင်း
မန္တလေး၌ တစ်လခွဲအရွယ် ကလေးငယ်အပါအဝင် ၁၄ ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး
DVB
·
July 8, 2021
မန္တလေး၌ တစ်လခွဲအရွယ် ကလေးငယ်အပါအဝင် ၁၄ ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး
1 / 7
Donate to DVB

မန္တလေးမြို့မှာ ဇူလိုင် ၇ ရက်က  ကိုဗစ်-၁၉ ရောဂါနဲ့  တစ်လခွဲအရွယ် ကလေး တစ်ဦးအပါအဝင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ခံပရဟိယအသင်းက သိရပါတယ်။ 

သေဆုံးသူတွေဟာ မန္တလေးကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံက တစ်လခွဲအရွယ် ကလေးငယ်တစ်ဦး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးက ၇ ဦး၊ ကန်တော်ကြီး သံဃာ့ဆေးရုံမှ တစ်ဦး၊ ရပ်ကွက်တွေထဲက  ကိုဗစ်ရောဂါသံသယလူနာ ၅ ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့တာပါ။ 

သေဆုံးသူတွေကို ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ရွှေချည်စေတနာ လူမှုကူညီရေးအသင်း၊ မဏိမေခလာလူမှုကူညီရေးအသင်း၊ မြင့်မြတ်ရာစေလူမှု ကူညီရေးအသင်း၊ မြင့်မြတ်ရတနာလူမှုကူညီရေးအသင်း၊ ပရဟိတဓာရီလူမှုကူညီရေးအသင်း၊ မဏိမေခလာ လူမှုကူညီရေးအသင်းတို့က အေးရိပ်ငြိမ်ဘာသာပေါင်းစုံသုသာန်ကို ကူညီပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ ပါတယ်။

Photo - ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013