
နာမည်ကြီး ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူ့ရဲ့ အံ့မခန်း ဇိမ်ခံကား စုဆောင်းမှုတွေကို အင်စတာဂရမ် လူမှုကွန်ရက်မှာ ထုတ်ပြလိုက်ပါတယ်။
ရော်နယ်ဒိုဟာ ကားဝယ်စုတာကို ပြင်းပြတဲ့ ဝါသနာတခု ဖြစ်လာပြီးနောက် သူ့ရဲ့ ကားဂိုဒေါင်ထဲမှာ ဘယ်နှစီး ပိုင်ဆိုင်ထားလဲဆိုတာကိုတောင် မမှတ်မိတော့ဘူးလို အရင်က ဝန်ခံထားတာပါ။
သူဟာ ကားစုဆောင်းတာကို ဝါသနာပါလွန်းလို အရေအတွက် ဘယ်လောက်ရှိမှန်းတောင် မမှတ်မိတော့ဘူးလို အရင်က ပြောခဲ့ဖူးပါတယ်။
သူ့ရဲ့ ကားဂိုဒေါင်ထဲမှာ သီးသန့်ထုတ်လုပ်ထားတဲ့ ဇိမ်ခံကားအမျိုးအစားပေါင်းများစွာကို ဝယ်ယူစုဆောင်းထားတာပါ။ ဒီလို ဈေးကြီးတဲ့ကားတွေ အများကြီး ပိုင်ဆိုင်ထားတာဟာ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကိုလည်း ဖော်ပြနေတာဖြစ်သလို သူ့ရဲ့ ပရောက်ဖက်ရှင်နယ် ဘောလုံးသမားဘဝ ကြိုးစားအားထုတ်မှုကို ထင်ဟပ်နေတာလည်း ဖြစ်ပါတယ်။










