DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ပိုမိုအာရုံစိုက်ရန် မန္တလေး ကက်သလစ်ဂိုဏ်းချုပ်တိုက်တွန်း
DVB
·
July 7, 2021
ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ပိုမိုအာရုံစိုက်ရန် မန္တလေး ကက်သလစ်ဂိုဏ်းချုပ်တိုက်တွန်း
Donate to DVB

မြန်မာတစ်နိုင်ငံလုံး ထိန်းချုပ်လို့မနိုင်အောင် မြန်မြန်ဆန်ဆန် ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါရဲ့ တတိယမြောက်လှိုင်းနဲ့ ကြုံနေရတာကြောင့် ရောဂါတားဆီးကာကွယ်ရေး ပိုမိုအာရုံစိုက်ကြဖို့ မန္တလေးမှ ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီး မာကိုတင်ဝင်းက ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေကို တိုက်တွန်းလိုက်ပါတယ်။

လက်ဆေးဖို့၊ မျက်နှာဖုံး နှာခေါင်းစည်းတပ်ဖို့၊ လူချင်းခွာနေဖို့၊ ဗိုင်းရပ်စ်အသစ်ဟာ အန္တရာယ်ရှိလို့ ကျန်းမာရေး၀န်ထမ်းတွေရဲ့ အကြံပြုချက်အတိုင်း တခြားအိမ်တွေကို လျှောက်မလည်ကြဖို့လည်း မှာကြားတယ်လို့ UCA ကတ်သလစ်သတင်းမှာ ဖော်ပြပါတယ်။ 

နိုင်ငံရေးမငြိမ်မသက်မှုတွေကြားထဲမှာ မသေချာမရေရာမှုတွေနဲ့ မလုံခြုံမှုတွေ ရှိနေပေမယ့်မျှော်လင့်ချက် မပျောက်စေဖို့နဲ့ သူတို့ရဲ့ ခိုင်မာတဲ့ယုံကြည်မှုကို ဆက်ထိန်းထားဖို့လည်း ဘုန်းတော်ကြီးက အားပေးတိုက်တွန်းပါတယ်။

မန္တလေး ဂိုဏ်းချုပ်ဘုန်းတော်ကြီးဟာ မကြာသေးခင်ကပဲ ကိုဗစ်လူနာတွေအတွက် အတော်များများ လိုအပ်နေတဲ့ အောက်ဆီဂျင်အိုးတွေ ကူညီနိုင်ဖို့ အဖွဲ့တဖွဲ့ ဖွဲ့ပေးထားပြီး အလှူဒါနတွေ ပေးလှူဖို့လည်း အသင်းသားတွေကို တောင်းဆိုထားပါတယ်။

ပုသိမ်မှ ခရစ်ယာန်အသင်း ဆရာတော် John Hsane Hgyi ကလည်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် ဘုန်းတော်ကြီးတွေ၊ ဘာသာရေးသမားတွေနဲ့ ဒါယကာ၊ ဒါယိကာမတွေကို ဗိုင်းရပ်စ် အထူးသတိထားကြဖို့  တိုက်တွန်းခဲ့ပါတယ်။ 

“ကျန်းမာရေးစောင့်ရှောက်မှုအတွက် သင့်တော်တဲ့ ၀န်ဆောင်မှု မရှိဘူး၊ စေတနာ့ဝန်ထမ်းတွေ ကျန်းမာရေးလုပ်သားတွေမရှိဘူး။ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာပြီး သေဆုံးသူဦးရေ တိုးလာတာကြောင့် သေစေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးရဲ့အန္တရာယ်ကို သတိထားရမယ်”လို့ မိန့်မှာပါတယ်။

မေလကတည်းက အိန္ဒိယနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်ကစပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် ဘုရားကျောင်း အကြီးအကဲတွေ စိုးရိမ်ပူပန်နေတာပါ။

စစ်ကိုင်းတိုင်း ကလေးမြို့ ဒိုင်အိုဆီးစ်မှ ဘုန်းတော်ကြီး ၃ ပါးဟာ မေလနှောင်းပိုင်းက တပတ်အတွင်းမှာပဲ ကွယ်လွန်သွားကြပြီး သင်းအုပ်ဆရာတော် အတော်များများလည်း ရောဂါလက္ခဏာတွေ ခံစားနေကြရတယ်လို့ ဘုရားကျောင်းတာဝန်ရှိသူက ပြောပါတယ်။

 ကိုဗစ်-၁၉ ကြောင့် လူပေါင်း ရာချီ သေဆုံးနေကြရပြီး ကလေးမြို့ရှိ ဆေးရုံတွေနဲ့ ဆေးကုသရေးစင်တာတွေမှာလည်း  နေရာတွေပြည့်နေတာကြောင့် လူနာအတော်များများကို အိမ်မှာပဲ နေခိုင်းရတယ်လို့ မီဒီယာသတင်းတွေမှာ ဖော်ပြကြပါတယ်။

REF- UCA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013