DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် ကိုဗစ်- ၁၉ အတည်ပြုလူနာ ၄၂ ဦး ထပ်မံတွေ့ရှိ
DVB
·
July 6, 2021
မကွေးမြို့တွင် ကိုဗစ်- ၁၉ အတည်ပြုလူနာ ၄၂ ဦး ထပ်မံတွေ့ရှိ
Donate to DVB

မကွေးမြို့မှာ ဇူလိုင်လ ၆ ရက်နေ့က စစ်ကောင်စီရဲ့ ဝန်ထမ်းနဲ့ မိသားစုဝင် ၆ ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂ ယောက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မကွေးမြို့ သီတဂူ မျက်စိကုဆေးရုံ ကိုဗစ်စစ်ဆေးရေးစင်တာမှာ သံသယရှိသူ အယောက် ၁၂၀ ကို စစ်ဆေးရာမှာ ဆက်သွယ်ရေးဝန်ထမ်း ၁ ယောက်၊ အား/ကာ ဝန်ထမ်းတစ်ယောက်၊ လျှပ်စစ်ဝန်ထမ်း ၁ ယောက်နဲ့ ရဲဝန်ထမ်းမိသားစာဝင် ၃ ယောက်အပြင် တမြို့လုံးနီပါး ရပ်ကွက်အစုံက ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂ ယောက်တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပိုးတွေ့လူနာတွေကိုတော့ ပရဟိတလူနာတင်ယာဥ်တွေနဲ့ မကွေးတိုင်းပြည်သူ့ဆေးရုံ ၅ ထပ်ဆောင်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပိုးတွေ့တဲ့နေရာတွေကို ပရဟိတအဖွဲ့တွေက ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်နေပြီး တိုင်းအတွင်းမှာရှိတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကိုတော့ စစ်ကောင်စီက ပါဆယ်စနစ်နဲ့သာရောင်းချဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဆေးရုံမှာ ကိုဗစ်လူနာတွေဟာ သောက်ရမယ့်ဆေးတွေကို ပြည်သူ့အစိုးရလက်ထက်ကလို အလကားမပေးတော့ဘဲ ဝယ်သောက်နေရပြီး ထမင်းအလှူရှင်တွေလည်း မရှိတာကြောင့် မိမိနေအိမ်ကနေ ပို့ပေးနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013