DVB Logo
Home
မြန်မာသတင်း
မယ်လဒုက္ခသည်စခန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိ၊ ကျောင်းအားလုံး ၂ ပတ် ပိတ်
DVB
·
July 6, 2021
မယ်လဒုက္ခသည်စခန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိ၊ ကျောင်းအားလုံး ၂ ပတ် ပိတ်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် လူဦးရေးအများဆုံးနဲ့ အကြီးဆုံး ဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းမှာ ဇူလိုင် ၅ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာတဦး စစ်ဆေးတွေ့ရှိတဲ့အတွက် စခန်းတွင်း ကျောင်းအားလုံး ၂ ပတ်ပိတ်လိုက်ပြီး အသွားအလာ ကန့်သတ်ထားလိုက်ပါတယ်။

Zone B 3 A မှာ နေထိုင်သူ အမျိုးသားတစ်ဦး နေထိုင်မကောင်းဖြစ်လို့ စခန်းထဲက ဆေးရုံမှာ ဆေးကုသမှု ခံယူရာက ကိုဗစ်-၁၉  ရောဂါကို စမ်းသပ်တွေ့ရှိတာပါ။

ဒါကြောင့် ထိုင်းအာဏာပိုင်တွေက စခန်းကို ချက်ချင်းလာပြီး အိမ်ပြင်မထွက်ကြဖို့နဲ့ စခန်းအပြင် ထွက်ခွာတာမျိုး မလုပ်နိုင်အောင် ပိုမိုတင်းကြပ်ထားသလို စခန်းအတွင်းမှာလည်း သွားလာမှုတွေ မများအောင် အစောင့်တွေချထားတယ်လို့ စခန်းဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။

အလားတူ ဒီလိုပိုးတွေ့ရှိတဲ့အတွက် စခန်းတွင်း ဇွန်လဆန်းက ပြန်လည်ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းကနေ ၁၀ တန်းထိ ကျောင်းအားလုံးကိုလည်း ဒီကနေ့ ဇူလိုင် ၆ ရက်နေ့ကနေ ၂ ပတ်ပိတ်ထားလိုက်တယ်လို့ ပြောပါတယ်။

ပိုးတွေ့လူနာနဲ့ ထိတွေ့ထားတဲ့သူ ၁၂ ဦးကိုလည်း သီးသန့်ကွာရန်တင်း နေခိုင်းထားပြီး လူနာနဲ့ သူ့အမျိုးသမီးကတော့ ဆေးရုံတွင်းမှာပဲ ကုသမှုခံယူနေတယ်လို့ ပြောပါတယ်။

မယ်လဒုက္ခသည်စခန်းမှာ ကိုဗစ်-၁၉ ရောဂါ ပထမဆုံးအကြိမ် ကူးစက်တာလည်း ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံ တာ့ခရိုင် ထာ့းစောင်ယန်းမြို့နယ်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းကို ၁၉၈၄ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ဒုက္ခသည် ၅ သောင်းခန့်နေထိုင်ပါတယ်။

ထိုင်းနိုင်ရှိ ဒုက္ခသည်စခန်းတွေအနက် အကြီးဆုံးဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကျော်မှာ ကရင်တိုင်းရင်းသားတွေ နေထိုင်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013