DVB Logo
Home
မြန်မာသတင်း
ဖမ်းခံရသည့် မိုးပညာဒါနဥက္ကဋ္ဌအပါအဝင် ၇ ဦးနှင့် ၁ လကြာအထိ မိသားစု အဆက်အသွယ်မရ
DVB
·
July 6, 2021
ဖမ်းခံရသည့် မိုးပညာဒါနဥက္ကဋ္ဌအပါအဝင် ၇ ဦးနှင့် ၁ လကြာအထိ မိသားစု အဆက်အသွယ်မရ
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မိုးပညာဒါနဖောင်းဒေးရှင်း ဥက္ကဋ္ဌအပါအဝင် လူ ၇ ဦးကို စစ်တပ်ဖမ်းဆီးသွာတာ ၁ လပြည့်ပြီဖြစ်ပေမယ့် မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးသလို ဘာကြောင့်ဖမ်းဆီးခံရလဲဆိုတာ တွေ့ဆုံမေးမြန်းခွင့်မရတဲ့အတွက် စိုးရိမ်နေကြတယ်လို့ မိုးပညာဒါနဖောင်းဒေးရှင်း ဥက္ကဋ္ဌရဲ့ အမျိုးသမီး မတွယ်တာစိုးက ပြောပါတယ်။

“ဒီလ ၅ ရက်နေ့မှာ ၁ လပြည့်ပြီ၊ အဆက်အသွယ်ကတော့ ဘယ်လိုမှမရသေးပါဘူး၊ ကျမအမျိုးသားက သံတွဲကို စက်ပစ္စည်းဝယ်မယ်ဆိုပြီး သွားခဲ့တဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။ ကျမတို့နီးစပ်ရာကို စုံစမ်းကြည့်တော့ ပထမဖမ်းတုန်းကတော့ ၃၄၆ မှာ ထားတယ်လို့ကြားတယ်၊ နောက်တော့ တခြားနေရာကို ရွှေ့လိုက်တယ်လို့ ကြားသိရတယ်။ ကျမအမျိုးသားနဲ့ ဘယ်လိုမှအဆက်အသွယ်မရတော့ အရမ်းကို စိုးရိမ်မိတယ်။ ဘာပုဒ်မနဲ့ ဖမ်းဆီးခံရလည်းဆိုတာလည်း မသိရဘူး၊ သူတို့မှာ လူတစ်ယောက်ကို ဖမ်းမယ်ဆိုရင်လည်း ပြစ်မှုကျူးလွန်တယ်၊ ဘာပုဒ်မနဲ့ ငါတို့ဖမ်းထားပြီးတော့ စစ်ဆေးနေတယ်ဆိုတာကိုလည်း ပြောတာမရှိဘူး၊ သူတို့ကိုမေးရင်လည်း ငါတို့မသိဘူးလို့ပဲ ပြောတယ်၊ တကယ်လို့ ကျမအမျိုးသားက အပြစ်ကျူးလွန်ထားတာမရှိရင်တော့ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။”

မိုးပညာဒါနဖောင်းဒေးရှင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်အပါအဝင် အမျိုးသား ၇ ဦးကို ဇွန်လ ၅ ရက်နေ့က သံတွဲမြို့ကိုသွားတဲ့လမ်းမှာ စစ်တပ်ကဖမ်းဆီးသွားခဲ့ပြီးနောက် ဒီနေ့အချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးတာကြောင့် စိုးရိမ်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013