DVB Logo
Home
ကျန်းမာရေး
မန္တလေး ဆေးရုံကြီးတွင် တစ်လအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၂၉ ဦးရှိ
DVB
·
July 5, 2021
မန္တလေး ဆေးရုံကြီးတွင်  တစ်လအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၂၉ ဦးရှိ
Donate to DVB

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ဇွန်လ ၅ ရက်မှ ဇူလိုင်လ ၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးတဲ့သူ   ၂၉ ဦး အထိရှိပြီလို့ ဆေးရုံကြီးကနေ သိရပါတယ်။

ဆေးရုံကြီးမှာ ပိုးတွေ့လူနာ စုစုပေါင်း ၂၃၉ ဦးရှိပြီး ရောဂါသက်သာသွားတဲ့အတွက် ဆေးရုံဆင်းခွင့်ရသူ ၆၄ ဦးရှိကာ လက်ရှိဆေးကုသမှုခံယူနေသူ ၁၄၆ ဦး ရှိပါတယ်။

ရောဂါပိုးတွေ့လူနာတွေထဲမှာ ကာကွယ်ဆေး Covid shield နှစ်ကြိမ်ထိုးထားသူတွေလည်း ပါဝင်ပါတယ်။

အဲ့ဒီထဲက ချမ်း​အေးသာစံမြို့နယ် ​ထွေအုပ်ရုံး ဌာနခွဲစာ​ရေး ​လည်းပါဝင်ပြီး ကိုဗစ်-၁၉ ​ရောဂါသံသယရှိတာကြောင့် စစ်​ဆေးခဲ့ရာ ​ပိုး တွေ့ရှိခဲ့ပါ​တယ်။ 

​​ချမ်း​အေးသာစံမြို့နယ် ​ထွေအုပ်ရုံးဌာနခွဲစာ​ရေး ဟာ ကာကွယ်ဆေး Covid shield ကို မတ်လ ၉ ရက်နေ့က တစ်ကြိမ်၊ ဧပြီလ ၆ ရက်နေ့က တစ်ကြိမ် နှစ်ကြိမ်ထိုးထားသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013