DVB Logo
Home
ကျန်းမာရေး
ဟုမ္မလင်းနှင့် ကလေးဝတွင် ကိုဗစ်လူနာ ၄ ဦး ထပ်မံသေဆုံး
DVB
·
July 5, 2021
ဟုမ္မလင်းနှင့် ကလေးဝတွင် ကိုဗစ်လူနာ ၄ ဦး ထပ်မံသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း ကလေးဝမြို့နဲ့ ဟုမ္မလင်းမှာ ဇူလိုင် ၄ ရက်နေ့ ညနေပိုင်းက ကိုဗစ်လူနာ ၄ ဦး ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

အခု သေဆုံးသူတွေက ဆေးကုသမှုခံယူရင်းသေဆုံးသွားတာဖြစ်ပြီး အသက် ၇၂ နှစ်အရွယ် အမျိုးသားတစ်ဦး၊  အသက် ၄၀ နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားတယ်လို့ ပြောပါတယ်။

လို့ ပရဟိတလုပ်ကိုင်သူက ပြောပါတယ်။

ကလေးဝမြို့မှာ ကိုဗစ်ကူးစက်သူ ၁၉၁ ဦး၊ ဆေးရုံဆင်းသူ ၅၄ ဦးနဲ့ သေဆုံးသူ ၁၀ ဦးထိ ရှိလာပြီလို့ ပြည်သူ့ဆေးရုံစာရင်းတွေအရ သိရပါတယ်။

အလားတူ ဟုမ္မလင်းမြို့မှာလည်း ဇူလှိုင် ၄ ရက်နေ့ ညနေပိုင်းက ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ လူနာတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ ၃ ဦး၊ အတည်ပြုလူနာ ၃၅၈ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၄၈ ဦးရှိပြီလို့ သိရပါတယ်။

ဟုမ္မလင်းမြို့မှာ ကိုဗစ်ကူးစက်မှုမြင့်တက်လာမှုကြောင့် ကျန်းမာရေးဝန်ကြီးဌာနက Stay hone သတ်မှတ်ထားပေမဲ့ အခြေခံပညာကျောင်းတွေကိုတော့ မပိတ်သေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013