DVB Logo
Home
မြန်မာသတင်း
အကျဉ်းကျခံ နွေဦးသူရဲကောင်းများထံ ထောင်ဝင်စာပို့ရန် အခက်အခဲရှိသူများ အကူအညီ တောင်းခံနိုင်
DVB
·
July 3, 2021
အကျဉ်းကျခံ နွေဦးသူရဲကောင်းများထံ ထောင်ဝင်စာပို့ရန် အခက်အခဲရှိသူများ အကူအညီ တောင်းခံနိုင်
Donate to DVB

       အကျဉ်းကျခံနေရတဲ့ နွေဦးသူရဲကောင်းတွေအတွက် ထောင်ဝင်စာပို့ဖို့ အခက်အခဲရှိတဲ့ မိ သားစုဝင်တွေအနေနဲ့ “ထောင်ဝင်စာပို့ကြမယ်” အစီအစဉ်ဆီ ဆက်သွယ်အကူအညီ တောင်းခံနိုင် ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

ဒီအစီအစဉ်ကိုတော့ အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)၊ အမျိုးသမီး၊ လူငယ်နှင့် က​လေးသူငယ်​ရေးရာ ဝန်ကြီးဌာနနဲ့ ​"ထောင်ဝင်စာပို့ကြမယ်”မှ လူငယ်​တွေ တရားဝင်ပူး​ပေါင်းပြီး ​အကျဉ်းထောင်ထဲမှ ​ထောင်ဝင်စာမတတ်နိုင်တဲ့ ​​နွေဦးသူရဲ​ကောင်းတွေကို ထောင်ဝင်စာ ​ထောက်ပံ့​ပေး​နေတာ ဖြစ်ပါတယ်။

ပို့​ဆောင်မှု အခက်အခဲတွေကြောင့် အရင်က အင်းစိန်​ထောင်ကိုပဲ ​ပေးပို့နိုင်​ခဲ့ပေမဲ့ လက်ရှိမှာ​တော့ မန္တလေး အိုးဘိုထောင်၊ ပဲခူးထောင်၊ သာယာဝတီထောင်နဲ့ တောင်ငူ ထောင်တွေက နွေဦးသူရဲကောင်းတွေအတွက်ပါ တာဝန်ယူကာ ထောင်ဝင်စာတွေ ထောက်ပံ့ကူညီနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အဆိုပါထောင်တွေမှာ ရှိနေကြတဲ့ နွေဦးသူရဲကောင်းတွေရဲ့ မိသားစုတွေအနေနဲ့ ထောင်ဝင်စာပေးပို့ဖို့ အခက်အခဲဖြစ်နေပါက “ထောင်ဝင်စာပို့ကြမယ်” ဖေ့စ်ဘွတ်ခ်ကတဆင့် ဆက်သွယ်စာရင်းပေးနိုင်မယ်လို့ ဆိုပါတယ်။

စာရင်းပေးသွင်းရာမှာတော့ အဖမ်းခံရသူ​ရဲ့ အမည်၊ ပုဒ်မ၊ အဖမ်းခံရတဲ့ရက်စွဲ၊ ထောင်အမည်၊ အုပ်ထိန်းသူအမည်နဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ အပြည့်အစုံပေးကာ စာရင်းပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်း ယူခဲ့တဲ့ကာလဟာ ၅ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်မြင့်တက်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန် ချက်အရ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၈၈၈ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၄၇၂ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၁၇၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၃၃ ယောက် ကတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013