DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာအသစ် ၂၀၀၀ ကျော်ထပ်တွေ့၊ ဂန့်ဂေါနှင့် မြဝတီတွင် ကူးစက်မှုအများဆုံးဖြစ်
DVB
·
July 2, 2021
ကိုဗစ်-၁၉ လူနာအသစ် ၂၀၀၀ ကျော်ထပ်တွေ့၊ ဂန့်ဂေါနှင့် မြဝတီတွင် ကူးစက်မှုအများဆုံးဖြစ်
Donate to DVB

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်  ၂,၀၇၀ ယောက် ရှိခဲ့ပြီး မကွေးတိုင်း၊ ဂန့်ဂေါမြို့နဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့တွေက ပိုးတွေ့လူနာ ၁၀၀ ကျော်စီနဲ့ အများဆုံးပါဝင်တယ်လို့ စစ်ကောင်စီကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၉,၄၅၇ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂,၀၇၀ ယောက် တွေ့ရှိခဲ့ရတာမို့ ပိုးတွေ့နှုန်း ၂၁ ဒသမ ၈၉ ရာခိုင်နှုန်း ရှိနေခဲ့ကာ ပြီးခဲ့တဲ့ရက်တွေကထက် ပိုမိုများပြား လာပါတယ်။

  ဒါ့အပြင် လူနာ ၁၃ ယောက် ထပ်မံသေဆုံးတာမို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ  ၃,၃၄၇ ယောက်၊ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၅၉,၃၄၇ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရတဲ့နှုန်းမှာတော့ ပဲခူး တိုင်းဒေသကြီး မြို့နယ် ၂၁ ခုမှာ ၃၆၁ ယောက်၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၃၄ ခုမှာ ၃၀၉ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၇၅ ယောက်၊ မကွေးတိုင်းဒေသကြီးမှာ ၂၁၁ ယောက်စီ အသီးသီးနဲ့ အများဆုံး ကူးစက်ခံထား ရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013