DVB Logo
Home
မြန်မာသတင်း
နတ်တလင်းမြို့က ကြက်ခြေနီတပ်ဖွဲ့ဝင်၊ ပရဟိတအသင်းသား ၁ ဦး ဖမ်းဆီးခံရ
DVB
·
July 1, 2021
နတ်တလင်းမြို့က ကြက်ခြေနီတပ်ဖွဲ့ဝင်၊ ပရဟိတအသင်းသား ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့က သုခကာရီပရဟိတအသင်းသားလည်းဖြစ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်လည်းဖြစ်တဲ့ ကိုထိုက် (ခ) ကိုကျော်လင်းထိုက်ကို ဇွန်လ ၂၉ ရက်နေ့ညပိုင်းက ပြည်မြို့ကို လူနာပို့ပြီးအပြန်မှာ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

မိသားစုဝင်တဦးက "လူနာပို့ပြီးအပြန် ပေါင်းတည်ဘက်မှာ အဖမ်းခံရတယ်လို့ သိရတယ်။ ကားထဲက သူ့တယောက်တည်းကို ရွေးဖမ်းသွားတာ။ အခုတော့ နတ်တလင်းရဲစခန်းမှာ ဖမ်းထားပါတယ်” လို့ အတည်ပြုပြောပါတယ်။

အဖမ်းဆီးခံရသူ ကိုထိုက် (ခ) ကိုကျော်လင်းထိုက်မှာ ဒေသတွင်း အများပြည်သူအကျိုးကိစ္စများကို အားကျိုးမာန်တက် ကူညီလုပ်ကိုင်ပေးနေသူတဦးဖြစ်ပြီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013