DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ် သီးကုန်းကျေးရွာတွင် ဒလန် ၂ ဦး အသတ်ခံရ
DVB
·
June 30, 2021
ယင်းမာပင်မြို့နယ် သီးကုန်းကျေးရွာတွင် ဒလန် ၂ ဦး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သီးကုန်းကျေးရွာမှာ သတင်ပေး ဒလန် အမည်ထွက်နေသူ ကိုငမင်းနဲ့ ကိုမြင့်လှိုင် ၂ ဦး ဇွန် ၃၀ ရက်နေ့က အသတ်ခံရတယ်လို့ သိရပါတယ်။

သူတို့ ၂ ဦးဟာ ယင်းမာပင်မြို့နယ် ကပိုင်ရဲစခန်းမှူးကို ကျေးရွာအတွင်း ဆန္ဒပြသူတွေရှိကြောင်း သွားရောက်သတင်းပေးသူတွေဖြစ်ကြောင်း၊ ခြောက်စား မြှောက်စား ပွဲစားလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မုံရွာ-ကလေးလမ်းမကြီး ၂၆ မိုင်အကွာမှာ သတ်ဖြတ်ခံရတယ်၊ ဘယ်သူသတ်တယ်ဆိုမသိဘူး၊ သူတို့၂ဦး၏ရုပ်အလောင်းကို သဂြိုဟ်ပေးမယ့်သူ မရှိလို့ ဒေသခံတွေက မီးရှို့သဂြိုဟ်ပေးခဲ့တယ်။”

သူတို့နှစ်ဦးကို ဘယ်အဖွဲ့၊ ဘယ်သူ သတ်သွားတယ်ဆိုတာတော့ မသိရဘူးလို့ ဒေသခံက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013