DVB Logo
Home
မြန်မာသတင်း
ကလေးဝ၊ ခန္တီးနှင့် ဟုမ္မလင်းမြို့တို့တွင် မြို့နယ်တရားသူကြီးအပါအဝင် ကိုဗစ်လူနာ ၁၄ ဦးတွေ့ရှိ
DVB
·
June 30, 2021
ကလေးဝ၊ ခန္တီးနှင့် ဟုမ္မလင်းမြို့တို့တွင် မြို့နယ်တရားသူကြီးအပါအဝင် ကိုဗစ်လူနာ ၁၄ ဦးတွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်း ကလေးဝ၊ ခန္တီးနဲ့ ဟုမ္မလင်းမြို့တို့မှာ ဇွန် ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေက မြို့နယ်တရားသူကြီးနဲ့ မြို့နယ်ရဲမှူးတို့အပါအဝင် ၁၄ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပရဟိတလုပ်ကိုင်သူတစ်ဦးက “အခုကျနော်တို့ ဟုမ္မလင်းမြို့မှာ မြို့နယ်တရားသူကြီးနဲ့ မြို့နယ်ရဲမှူး ကိုဗစ်ပိုးတွေ့တယ်။ မနေ့က ဟုမ္မလင်းပြည်သူဆေးရုံမှာ RTD Test kits နဲ့စစ်တယ်၊ မြို့နယ်ရဲတပ်ဖွဲ့ရုံးက ရဲ ၅ ယောက် စုစုပေါင်း ၇ ဦး ကိုဗစ်ပိုးတွေ့ရှိတယ်” လို့ ပြောပါတယ်။

ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ မြို့နယ်ရဲမှူးရဲ့ ကျန်းမာရေးအခြေအနေဆိုးနေပြီး အောက်စီဂျင်သွင်းနေရတယ်လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့မှာ ရပ်ကွက် ၃ ရပ်ကွက်ရှိပြီး အဲ့ဒီထဲက နောင်ပုကျစ်ရပ်ကွက်ကို လော့ဒေါင်းချပြီး  Stay Home အဖြစ်သတ်မှတ်ထားတယ်လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့မှာ ကိုဗစ်ပိုးတွေ့ရှိသူ ဇွန် ၃၀ ရက်နေ့ထိ ၁၇၆ ယောက်ရှိပြီး သေဆုံးသူတော့ မရှိသေးဘူးလို့ သိရပါတယ်။

ကလေးဝမြို့မှာလည်း ဇွန် ၂၉ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ  ၄ ဦး ထပ်မံ တွေ့ရှိတယ်လို့ ပရဟိတ လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ကလေးဝမြို့ပြည်သူ့ဆေးရုံကို အနံ့မရလို့ ရောက်ပြသသူ စုစုပေါင်း ၇ ဦးရှိတယ်။ သူတို့ကို  RDT Test Kits နဲ့ စစ်ဆေးရာ အမှတ် ၂ ရပ်ကွက်က ၃ ဦး၊   အမှတ် ၃ ရပ်ကွက်မှ ၁   ဦး၊ စုစုပေါင်း ၄ ဦး ကိုဗစ်ပိုးတွေ့ရှိတယ်။”

ကိုဗစ်  တတိယလှိုင်းအတွင်း ကလေးဝမြို့နယ်တွင် ဒီနေ့ထိ ပိုးတွေ့လူနာ ၁၀၀ အနက် ၃ ဦးသေဆုံးပြီး ၁၉ ဦး ရောဂါသက်သာလို့ ဆေးရုံဆင်းသွားပြီလို့ ကလေးဝဆေးရုံစရင်းတွေအရ သိရပါတယ်။

ခန္တီးမြို့မှာ ဇွန် ၃၀ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးတွေ့ရှိခဲ့တယ်လို့ ပရဟိတလုပ်ကိုင်တစ်ဦးက ပြောပါတယ်။

“အခုမနက် ခန္တီးမြို့ ပြည်သူ့ဆေးရုံမှာ ကိုဗစ်လာစစ်ဆေးတယ်။ ခန္တီးခရိုင် ပညာရေးဝန်ထမ်းက ၁ ဦး၊ ဆင်သေကျေးရွာ အုပ်ချုရေးမှူး မိန်းမနဲ့သားကို RDT Test kits နဲ့ စစ်ဆေးတယ်၊ ၃ ယောက်လုံး ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်။”

ခန္တီးမြို့မှာ ကိုဗစ်ပိုးတတိလှိုင်းကာလ ပထမဆုံး အတည်ပြုလူနာ ၃ ဦးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013