DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၃ ဦး၊ ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံးအဆင့် ၇၃ ဖြစ်လာ
DVB
·
June 30, 2021
ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၃ ဦး၊ ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံးအဆင့် ၇၃ ဖြစ်လာ
Donate to DVB

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက် တည်း ၅၃ ယောက်သေဆုံးခဲ့ပြီး အမြင့်ဆုံးစံချိန်တင်ခဲ့ကာ ရောဂါကူးစက်မှုအသစ် ၄,၇၈၆ ယောက်ထိ ရှိခဲ့ပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၂၅၉,၃၀၁ ယောက်နဲ့ သေဆုံးသူပေါင်း ၂,၀၂၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ရောဂါကူးစက်မှုအသစ်တွေထဲက ၃,၃၀၃ ယောက်ကတော့ ဆေးရုံတွေမှာ စစ်ဆေး တွေ့ရှိခဲ့ရတာဖြစ်ပြီး ၁,၃၄၇ ယောက်ကတော့ ကိုယ်တိုင်စစ်ဆေးမှုတွေအရ တွေ့ရှိရတာ ဖြစ်ကာ အကျဉ်းထောင်တွေက ၁၂၇ ယောက်နဲ့ နိုင်ငံရပ်ခြားက ပြန်လည်ရောက်ရှိလာ ပြီး ပိုးတွေ့ရှိသူ ၉ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ရောဂါကူးစက်မှုအသစ်တွေ့ရှိရာ ဒေသတွေထဲမှာတော့ ဘန်ကောက်က ၁,၈၂၆ ယောက်နဲ့ ဦးဆောင်နေပြီး ဆမွတ်ပရာကန်က ၄၃၃ ယောက်၊ ဆမွတ်စာခွန်က ၂၅၃ ယောက်၊ ချွန်ဘူရီက ၂၀၈ ယောက်စီနဲ့ အများဆုံး တွေ့ရှိရတဲ့ ဒေသတွေ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၂,၄၁၅ ယောက် ရှိနေခဲ့ပါတယ်။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်း ၁၈၉,၁၃၁ ယောက်ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမတကြိမ် ထိုးနှံပြီးဖြစ်ကာ ၆၆,၆၀၃ ယောက်ကတော့ ဒုတိယတကြိမ် ထိုးနှံပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်း လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း ကတော့ ၉ ဒသမ ၆၇ သန်းကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၂ ဒသမ ၅၉ သန်းကျော်၊ သေဆုံးသူပေါင်း ၃ ဒသမ ၉၅ သန်းကျော်နဲ့ ရောဂါပြန်လည် ပျောက်ကင်း သက်သာလာသူပေါင်း ၁၆၇ ဒသမ ၂ သန်းကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ် ဆိုက်ဒ်မှာ ဖော်ပြပါတယ်။

ရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေအဖြစ် အမေရိကန်က ကူးစက်ခံရသူပေါင်း ၃၄ ဒသမ ၅ သန်းကျော်၊ အိန္ဒိယက ၃၀ ဒသမ ၃ သန်းကျော်၊ ဘရာဇီးက ၁၈ ဒသမ ၅ သန်း ကျော်စီနဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ ကမ္ဘာ့နိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံးအဆင့် ၇၃ နေရာထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013