DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ် မွှေ့လယ်ရွာတွင် တစ်နေ့တည်း ကိုဗစ်အတည်ပြုလူနာ ၆၁ ဦး စံချိန်တင်တွေ့ရှိ
DVB
·
June 29, 2021
ဂန့်ဂေါမြို့နယ် မွှေ့လယ်ရွာတွင် တစ်နေ့တည်း ကိုဗစ်အတည်ပြုလူနာ ၆၁ ဦး စံချိန်တင်တွေ့ရှိ
Donate to DVB

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မွှေ့လယ်ကျေးရွာမှာ ဇွန်လ ၂၉ ရက်နေ့က တစ်ရက်တည်း ကိုဗစ်- ၁၉ အတည်ပြုလူနာ ၆၁ ယောက်ထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေကနေ သိရပါတယ်။

မွှေ့လယ်ကျေးရွာမှာ ကိုဗစ်-၁၉ ရောဂါ သံသယရှိတဲ့သူတွေကို မနက်ပိုင်းက RDT နဲ့ စစ်ဆေးရာမှာ ၂၈ ယောက် ရောဂါပိုးတွေ့ရှိခဲ့ပြီး နေ့လယ်ပိုးစစ်ဆေးရာမှာ ၃၃ ယောက် ထပ်မံတွေ့ရှိခဲ့တာလို့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က DVB ကို ပြောပါတယ်။

ကိုဗစ် ရောဂါပိုးတွေ့ရှိတဲ့သူတွေရဲ့ နေအိမ်တွေနဲ့ အနီးပတ်ဝန်းကျင်တွေကို ရောဂါထပ်မံမကူးစက်နိုင်အောင် စေတနာ့ဝန်ထမ်းတွေက ပိုးသတ်ဆေးတွေ လိုက်ဖြန်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အနံ့ပျောက်တဲ့ ဒေသခံတွေအနေနဲ့လည်း ဆေးမစစ်ဘဲမနေကြဖို့နဲ့ ဆေးမစစ်ဘဲနေရင် မိမိကတဆင့် အခြားသူတွေကို ရောဂါကူးစက် ပြန့်ပွားနိုင်တာကြောင့် ဆေးစစ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မွှေ့လယ်ကျေးရွာမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေကို သံဃာတွေရဲ့ ဦးဆောင်မှုနဲ့ ပရဟိတ စေတနာ့ဝန်ထမ်းတွေက နေ့စဥ် ဆေးစစ်တဲ့နေရာတွေမှာ ကူညီလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013