DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ပြည်တွင်းကုမ္ပဏီများထံမှ အခွန်ငွေကျပ်သိန်း ၄၀၀၀၀ ခန့်ရရှိထား
DVB
·
June 29, 2021
စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ပြည်တွင်းကုမ္ပဏီများထံမှ အခွန်ငွေကျပ်သိန်း ၄၀၀၀၀ ခန့်ရရှိထား
Donate to DVB

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ  ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတွေကဆီကနေ အခွန်ငွေကျပ်သိန်း ၄၀၀၀၀ နီးပါး ရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  စီမံဘဏ္ဍာနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း အခွန်ဘဏ္ဍာငွေတွေ မရရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မူဝါဒတွေချမှတ်ပြီး ပိတ်ဆို့ ဖြတ်တောက်မှုတွေ ပြုလုပ်ထားနိုင်ခဲ့တယ်လို့ စီမံကိန်း၊ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ပြည်တွင်းလုပ်ငန်းရှင်တွေဆီကနေ အခုဘဏ္ဍာနှစ်မှာ အခွန်ငွေ ကျပ်သိန်း ၄၀၀၀၀ နီးပါးရရှိထားတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီမံကိန်း၊ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်ကောင်စီဆီကို ဝင်ငွေမရရှိဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝင်ငွေစီးဆင်းလည်ပတ်နိုင်ဖို့ဆိုတဲ့ မူဝါဒ ၂ ရပ်နဲ့ ဖော်ဆောင်လုပ်ကိုင်နေတယ်လို့လည်း ပြောဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေဆီကနေ အခွန်ငွေ ရရှိအောင် လက်နက်အားကိုး အကြမ်းဖက်ပြီး ခြိမ်းခြောက်ကောက်ခံမှုတွေကြောင့် ပြည်သူတွေ အခွန်ဆောင်နေရတယ်ဆိုတာကို သိရှိနားလည်ပေမယ့် စစ်ကောင်စီက အစိုးရမဟုတ်ဘူးဆိုတာကိုလည်း ပြည်သူ နားလည်ဖို့လိုတယ်လို့ ဒုဝန်ကြီးက ပြောဆိုပါတယ်။

လက်တလော အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက လက်ခံနိုင်အောင်ကြိုးစားလုပ်ဆောင်နေပြီး အမေရိကန်အစိုးရက ထိန်းသိမ်းထားတဲ့ အမေရိကန် ၁ ဘီလီယံ ပြန်လည်ရရှိရေးကိုလည်းကြိုးစားဆောင်ရွက်နေတယ်လို့ စီမံကိန်း၊ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒုတိယဝန်ကြီးက ပြောပါတယ်။

အခုအချိန်က တော်လှန်ရေးကာလဖြစ်နေတာကြောင့် တစ်ဖက်ရန်သူအနေနဲ့ သတင်းအချက်အလက်တွေ မသိအောင် လုပ်ဆောင်နေရတာတွေရှိတာကြောင့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ လုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်အားလုံးကို ချပြမပေးနိုင်သေးတာကို  နားလည်ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေကို အချိန်ကာလတစ်ခုမှာ ပြည်သူတွေကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြသွားမှာဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013