DVB Logo
Home
မြန်မာသတင်း
အေဂျင်စီများ ပေးဆောင်ရမည့် အခွန်ကျသင့်ငွေကို စစ်ကောင်စီ ထုတ်ပြန်သတိပေး
DVB
·
July 3, 2025
အေဂျင်စီများ ပေးဆောင်ရမည့် အခွန်ကျသင့်ငွေကို စစ်ကောင်စီ ထုတ်ပြန်သတိပေး
Donate to DVB

ပြည်ပအလုပ်အကိုင် အေဂျင်စီတွေ ပေးဆောင်ရမယ့် အခွန်ကျသင့်ငွေကို စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ပြည်ပကို စေလွှတ်ခဲ့တဲ့ အလုပ်သမားဦးရေအလိုက် အေဂျင်စီတခုချင်းစီက ပေးဆောင်ရမဲ့ ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားကို ထုတ်ပြန်လာတာပါ။

အေဂျင်စီတွေအနေနဲ့ ပြည်ပကို စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေဆီက ရရှိတဲ့ ဝန်ဆောင်ခရဲ့ ၅ ရာခိုင်နှုန်းကို ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမှာဖြစ်ပြီး နိုင်ငံခြားငွေနဲ့ရတဲ့ ဝန်ဆောင်ခအတွက် သတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့ ပေးသွင်းရဖို့ရှိနေပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တယောက်က “နိုင်ငံခြားငွေလဲနှုန်းကို ဘယ်ပေါက်စျေးနဲ့ သတ်မှတ်ပေးမယ် မသိရသေးဘူး။ အပြင်ပေါက်စျေးနဲ့တွက်ပြီး သွင်းရမယ်ဆိုရင် ပိုကုန်တော့မှာ။ အခုက စာရင်းထုတ်ပြန်တဲ့ သဘောပဲရှိသေးတာ” လို့ ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း အေဂျင်စီတွေ ပေးသွင်းရမဲ့ ကုန်သွယ်လုပ်ငန်း အခွန်လျာထားချက်ဖြစ်ပြီး နိုင်ငံခြားငွေလဲနှုန်း မရသေးလို့ အခွန်ရုံးကို မပို့ရသေးဘူးလို့ ဖော်ပြထားပါတယ်။

အေဂျင်စီတွေ ပေးသွင်းရမဲ့ ကုန်သွယ်လုပ်ငန်းခွန်မှာ အလုပ်သမားတွေဆီက တရားဝင်ရယူခွင့်ပေးထားတဲ့ ဝန်ဆောင်ခနှုန်းထားကို အခြေခံတွက်ချက်ထားတာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့က တရားဝင်ဝန်ဆောင်ခထက်ပိုပြီး ပေးကြရတာလို့ ပြည်ပရောက် မြန်မာလုပ်သားတချို့က ဆိုပါတယ်။

မလေးရှားရောက် မြန်မာလုပ်သားတယောက်က “သတ်မှတ်ထားတဲ့ ဝန်ဆောင်ခအတိုင်းပဲ ပေးခဲ့ရတယ်ဆိုတဲ့ အလုပ်သမား မရှိသလောက်ပဲ။ အခု သူတို့အခွန်ဆောင်ရမယ်ဆိုတော့မှ ငွေပိုကုန်မှာ ကြောက်နေကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကို ကုန်သွယ်လုပ်ငန်းခွန်ပေးသွင်းရမယ့် အေဂျင်စီ ၄၇၉ ခုရှိပြီး အဲဒီအေဂျင်စီတွေအနေနဲ့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ထဲ ပြည်ပကို အလုပ်သမား ၁၃၀,၀၀၀ ကျော် စေလွှတ်ခဲ့တာလို့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

အေဂျင်စီတခုချင်းအလိုက် စေလွှတ်ခဲ့တဲ့ အလုပ်သမားအရေအတွက် အနည်း အများအပေါ် မူတည်ပြီး စစ်ကောင်စီကို ပေးသွင်းရမယ့် အခွန်ပမာဏ ကွာခြားတာကိုလည်း တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013