DVB Logo
Home
မြန်မာသတင်း
ကလေးဝတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦး ထပ်မံတွေ့ရှိ
DVB
·
June 29, 2021
ကလေးဝတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦး ထပ်မံတွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်း ကလေးဝမှာ ဇွန် ၂၈ ရက်နေ့က ကိုဗစ်-၁၉ သံသယလူနာ ၁၇ ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကလေးဝမြို့ ပြည်သူ့ဆေးရုံမှာ အနံ့မရလို့ လာပြသသူ စုစုပေါင်း ၆၆ ဦးကို  RDT Test Kits နဲ့ စစ်ဆေးရာ အမှတ် ၁ ရပ်ကွက်က ၆ ဦး၊ အမှတ် ၂ ရပ်ကွက်က ၃ ဦး၊ အမှတ် ၃ ရပ်ကွက်က သံဃာတော် ၁ ပါးအပါအဝင် ၄ ဦး၊ ချောင်းကျဉ်းကျေးရွာက ၁ ဦး၊ ကိုင်းရွှေတောင်ကျေးရွာက  ၁ ဦး၊ ဇီးတောင့်ကျေးရွာက ၁ ဦး၊ အပြင်လိပ်ခက်ကျေးရွာက ၁ ဦး၊  စုစုပေါင်း ၁၇ ဦး ကိုဗစ်ပိုးတွေ့ရှိတယ်လို့ ကလေးဝ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ကလေးဝမြို့မှာ ဇွန် ၂၈ ရက်နေ့ထိ ကိုဗစ်ကူးစက်သူ ၈၂ ဦးထိ ရှိလာပြီး  သေဆုံးသူ ၃ ဦး ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013