DVB Logo
Home
မြန်မာသတင်း
မြန်မာကုန်သည်များ မတ်ပဲတန်ချိန် ၂ သိန်းခွဲ၊ ပဲစင်းငုံတန်ချိန် ၁ သိန်း အိန္ဒိယကို တင်ပို့ခွင့်ရမည်
DVB
·
June 28, 2021
မြန်မာကုန်သည်များ မတ်ပဲတန်ချိန် ၂ သိန်းခွဲ၊ ပဲစင်းငုံတန်ချိန် ၁ သိန်း အိန္ဒိယကို တင်ပို့ခွင့်ရမည်
Donate to DVB

မြန်မာပဲကုန်သည်တွေအနေနဲ့ နှစ်စဉ် မတ်ပဲတန်ချိန် ၂ သိန်းခွဲ၊ ပဲစင်းငုံတန်ချိန် ၁ သိန်းအပြင် ပဲတင်သွင်းမှု quota နဲ့လည်း အိန္ဒိယကို တင်ပို့ခွင့်ရမယ်လို့ သိရပါတယ်။

မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနဲ့ ပဲစင်းငုံ ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြီးခဲ့တဲ့ဇွန်လ ၁၈ ရက်နေ့မှာ နှစ်နိုင်ငံအစိုးရတွေအကြား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။

ဒီ MOU အရ အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန် နှစ်သိန်းခွဲ နဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်းတို့ကို ပုဂ္ဂလိကကုန်သွယ်မှုကနေတစ်ဆင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကစပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မတ်လအတွင်း ၅ နှစ်တင်သွင်းသွားမှာဖြစ်ပါတယ်။

အိန္ဒိယအစိုးရက ၂၀၁၇ ခုနှစ် နောက်ပိုင်းက စတင်ပြီး ပြည်ပကပဲတင်သွင်းမှု ကိုတာတွေကို နှစ်စဉ်သတ်မှတ် ထုတ်ပြန်ပေးပြီး ပဲတင်သွင်းခွင့် ကို ကန့်သတ်ထားခဲ့ပါတယ်။

အခုနှစ်မှာ အိန္ဒိယနိုင်ငံက ပြည်တွင်း ပဲလိုအပ်ချက် များပြားနေတဲ့အခြေအနေကြောင့် အရင်သတ်မှတ်ထားသော ကိုတာစနစ်ကို ပယ်ဖျက်ပေးလိုက်ပြီး မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းသုံးမျိုးကို အကန့်အသတ်မရှိ လွတ်လပ်စွာတင်သွင်းခွင့်ကို အောက်တိုဘာ ၃၁ ရက် ထိ သတ်မှတ်ခွင့်ပြုလိုက်ပါတယ်။ 

ဒါပေမဲ့ ကိုတာစနစ်ကို ပယ်ဖျက်တဲ့ ဒီမူဝါဒဟာ အခုနှစ်အတွက်သာဖြစ်တာကြောင့် နောက်နှစ်တွေမှာတော့ ကိုတာစနစ် ပြန်လည်အသက်ဝင်လာမယ့်သဘော ဖြစ်ပါတယ်။

အခုလို မြန်မာ၊ အိန္ဒိယနိုင်ငံအကြား G to G စနစ်နဲ့  နှစ်ရှည် ရောင်းဝယ်မှု ပြုလုပ်မယ်ဆိုပါက စျေးတည်ငြိမ်လာနိုင်တယ်လို့ ကုန်သည်တစ်ဦးက မှတ်ချက်ပြုပါတယ်။

မြန်မာနဲ့အိန္ဒိယနိုင်ငံအကြား အခုလို  G to G လက်မှတ်ရေးထိုးနိုင်ဖို့ အရင်အရပ်သားအစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကစတင်ပြီး နှစ်ဖက်အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

အခုအခါမှာ အိန္ဒိယနိုင်ငံဟာ သူ့နိုင်ငံအတွင်းမှာ မြင့်တက်နေတဲ့ ပဲစျေးနှုန်းကို ထိန်းချုပ်ဖို့နဲ့ ရာသီချိန်မှာ သိုလှောင်ပမာဏ လျော့နည်းနေတဲ့ ပဲကို ဖြည့်ဆည်းနိုင်ဖို့ ခုလို MOU လက်မှတ်ရေးထိုးပြီး တင်သွင်းတာလို့ သိရပါတယ်။

အိန္ဒိယနိုင်ငံဟာ ပဲလိုအပ်ချက်များပြားနေတြအတွက် မြန်မာနိုင်ငံအပြင် မာလဝီနိုင်ငံနဲ့လည်း နှစ်နိုင်ငံအစိုးရချင်း  MOU လက်မှတ်ရေးထိုးခဲ့ပြီး ပဲတင်သွင်းဖို့ စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013