DVB Logo
Home
မြန်မာသတင်း
ဆမ်ဆောင်းအပါအဝင် တောင်ကိုရီးယားလုပ်ငန်းစုများက ဗီယက်နမ်ကိုဗစ်ရန်ပုံငွေအတွက် လှူဒါန်း
DVB
·
June 28, 2021
ဆမ်ဆောင်းအပါအဝင် တောင်ကိုရီးယားလုပ်ငန်းစုများက ဗီယက်နမ်ကိုဗစ်ရန်ပုံငွေအတွက် လှူဒါန်း
Donate to DVB

ဗီယက်နမ်နိုင်ငံမှာ စက်ရုံအလုပ်ရုံတွေများစွာ ဖွင့်လှစ်ထားတဲ့ ဆမ်ဆောင်းအပါအဝင် တောင်ကိုရီးယား လုပ်ငန်းစုတွေက ဗီယက်နမ်ကိုဗစ်-၁၉ ရန်ပုံငွေအတွက် အလှူငွေတွေ လှူဒါန်းခဲ့ကြပါတယ်။

နာမည်ကြီး ဆမ်ဆောင်းအီလက်ထရောနစ်လုပ်ငန်းကတော့ ဗီယက်နမ်ဗဟိုအစိုးရကို ဝမ် ၂ ဘီလီယမ်၊ ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်ရေးအဖွဲ့တွေ ဆီ ဝမ်သန်း ၇၇၀ လှူ ဒါန်းခဲ့ပြီး ဒါဟာ နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေကြတဲ့ လုပ်ငန်းတွေထဲ အကြီးမားဆုံး လှူဒါန်းတဲ့ ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။

ဆမ်ဆောင်းအနေနဲ့ လက်ရှိဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ စက်ရုံ ၂ ခုဖွင့်လှစ်ထားရှိပြီး ကုမ္ပဏီရဲ့ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဝယ်လိုအား ထက်ဝက်ကျော်ကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။

နောက်ထပ် တောင်ကိုရီးယားလုပ်ငန်းတခုဖြစ်တဲ့ အက်စ်ကေကတော့ အမေရိကန်ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့ပြီး ဗီယက်နမ်ကျန်းမာရေးဝန်ကြီး ငုယင်သန်လောင်က ဆမ်ဆောင်းနဲ့ အက်စ်ကေအုပ်စု တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ကျေးဇူးတင်စကား ပြောခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် နာမည်ကြီးလုပ်ငန်းစုတခုဖြစ်တဲ့ အယ်လ်ဂျီအီလက်ထရောနစ်ကလည်း သူတို့လုပ်ငန်း အခြေစိုက်ရာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဟိုင်ဖွန်အစိုးရကို ဝမ် ၁ ဒသမ ၅၅ ဘီလီယံကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ဗီယက်နမ်အစိုးရက ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် ရန်ပုံငွေတရပ်ထားရှိဖို့ စတင်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်စတဲ့ နိုင်ငံ တွင်းအခြေစိုက် လုပ်ငန်းတွေကို ပါဝင်လှူဒါန်းနိုင်ဖို့ ဝန်ကြီးချုပ် ဖန်မင်းချင်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ကားကုမ္ပဏီ တိုရိုတာနဲ့ ထိုင်ဝမ်လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတခု ဖြစ်တဲ့ ဖောက်စ်ကွန်းတို့ကလည်း ဝမ် ၅ သန်းစီလှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013