အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်း ဇွန် ၂၆ ရက်မနက်ပိုင်းက ယာဉ်ပေါ် သေဆုံးနေတဲ့ အမျိုးသားမှာ ကိုဗစ်ပိုးတွေ့ရှိရကြောင်း ဆေးရုံက အကြောင်းကြားလာတယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကွင်းအတွင်းမှာ အဝေးပြေးယာဉ်ပေါ် ယာဉ်မောင်းတဦး သေဆုံးနေတဲ့အတွက် ပုလဲအရန်မီးသတ်တပ်ဖွဲ့က သွားရောက် ကူညီခဲ့ပါတယ်။
သေဆုံးသူ အမျိုးသားဟာ ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေပြီး ရဲဆေးစာနဲ့အတူ မေဓါဝီဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ပုလဲ အရန်မီးသတ်တပ်ဖွဲ့က သိရပါတယ်။
မြန်မာနိုင်ငံမှာ ကူးစက်မြန် ကိုဗစ်မျိုးဗီဇပြောင်းပိုး တွေ့ရှိထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာထားပြီး ဇွန်လ ၂၅ ရက်နေ့ ည ၈ နာရီက ကိုဗစ်ပိုးတွေ့လူနာသစ် ၈၅၉ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။