DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ကိုဗစ်ကြောင့် တရက်တည်း စံချိန်တင်သေဆုံး၊ ၄၀၀၀ ကျော် ကူးစက်ခံရ
DVB
·
June 26, 2021
ထိုင်းတွင် ကိုဗစ်ကြောင့် တရက်တည်း စံချိန်တင်သေဆုံး၊ ၄၀၀၀ ကျော် ကူးစက်ခံရ
Donate to DVB

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက်အတွင်း သေဆုံးသူ ၅၁ ယောက်နဲ့ စံချိန်တင်ခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၄,၁၆၁ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

ရောဂါကူးစက်ခံရတဲ့ ဒေသတွေထဲမှာတော့ ဘန်ကောက်က ၁,၂၇၆ ယောက်နဲ့ အများဆုံးဖြစ်ကာ ဆမွတ်စခွန်က ၃၂၂ ယောက်၊ ချွန်ဘူရီက ၃၂၀ ယောက်စီ အသီးသီးနဲ့ ကူးစက်မှုအမြင့်ဆုံး ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၃,၅၆၉ ယောက် ရှိပါတယ်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၄၀,၄၅၂ ယောက်၊ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက် ၁၉၆,၆၇၅ ယောက်၊ ဆေးရုံ တက်ရောက်ကုသနေသူအရေအတွက် ၄၁,၉၀၇ ယောက်နဲ့ သေဆုံးသူပေါင်း ၁,၈၇၀ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကာကွယ်ရေး ပထမအကြိမ် ထိုးနှံပြီးသူ အရေအတွက် ၂၂၈,၉၅၅ ယောက်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူအရေအတွက် ၉၅,၁၀၀ ယောက် နဲ့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၉ သန်းနီးပါး ရှိခဲ့ပြီလို့ ဆိုပါတယ်။      

Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြတဲ့ ကိန်းဂဏန်းတွေအရ ထိုင်းနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအမြင့်ဆုံးအဆင့် ၇၆ မှာ ရပ်တည်နေပြီး ကူးစက်မှုအမြင့်ဆုံး ထိပ်တန်းနိုင်ငံတွေထဲမှာတော့ အမေရိကန်က ၃၄ ဒသမ ၄၈ သန်းကျော်၊ အိန္ဒိယက ၃၀ ဒသမ ၁၈ သန်းကျော်၊ ဘရာဇီးက ၁၈ ဒသမ ၃၂ သန်းကျော်၊ ပြင်သစ်က  ၅ ဒသမ ၇၆ သန်းကျော်၊ တူရကီက ၅ ဒသမ ၄ သန်းကျော်စီနဲ့ အသီးသီး ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013