DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်တွင် ၁၈ ရက်အတွင်း ပိုးတွေ့လူနာ ၅၀၀ ကျော်နှင့် သေဆုံးသူ ၉ ဦးထိ တိုးလာ
DVB
·
June 26, 2021
ရှမ်းမြောက်တွင် ၁၈ ရက်အတွင်း ပိုးတွေ့လူနာ ၅၀၀ ကျော်နှင့် သေဆုံးသူ ၉ ဦးထိ တိုးလာ
1 / 3
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့နယ် ၁၄ မြို့နယ်မှာ ၁၈ ရက်အတွင်း ပိုးတွေ့လူနာ ၅၀၀ ကျော်၊ သေဆုံးသူ ၉ ဦးထိ တိုးလာ‌ကြောင်း COVID -19 Operation Team တွေဆီက သိရပါတယ်။

မြို့နယ်အချို့ စာရင်း‌တွေ အနည်းငယ်လွဲနိုင်ပေမယ့် ဇွန် ၈ ရက်နေ့မှ ဇွန် ၂၅ ရက်နေ့အထိ ၁၈ ရက်အတွင်း ရရှိထားတဲ့ အချက်အလက်တွေအရ ပိုးတွေ့လူနာနဲ့ သေဆုံးသူတွေကတော့  လားရှိုးမှာ ၂၆၈ ဦး၊ ၇ ဦး သေဆုံး၊ နောင်ချိုမှာ ၁၃၄ဦး၊ လောက်ကိုင်မှာ ၃၃ ဦး၊ သီပေါနဲ့ နမ့်လန်မှာ ၃၉ ဦး၊ ‌၂ ဦး သေဆုံး၊ ကွတ်ခိုင်မှာ ၁၇ ဦး၊ နမ္မတူမှာ ၃ ဦး၊ ကျောက်မဲမှာ ၅ ဦး၊ မိုင်းရယ်မှာ ၂ ဦး၊ တန့်ယန်းမှာ ၃ ဦး၊ ၁ ဦး သေဆုံး၊ သိန်းနီမှာ ၄ ဦး၊ မူဆယ်-မှာ ၁၂ ဦး၊ နမ့်ခမ်းမှာ  ၁၉ ဦး၊  မိုးမိတ်မှာ ၁ ဦး၊ ဟိုပန်မှာ ၇ ဦး၊ စုစုပေါင်း ၅၄၇ ဦး ရှိတယ်လို့ ဆိုပါတယ်။

လားရှိုးမှာ ပိုးတွေ့နှုန်း အမြင့်ဆုံးဖြစ်ပြီး နောင်ချိုကတော့ ဒုတိယပိုးတွေ့ နှုန်း အများဆုံးမှာ ရှိနေပါတယ်။

ပိုးတွေ့နှုန်း အမြင့်ဆုံးဖြစ်တဲ့ လားရှိုးမှာတော့ ဇွန်လ ၂၅ ရက်နေ့ တစ်ရက်တည်း ပိုးတွေ့ လူနာ သစ် ၃၀ ဦး၊ သေဆုံးသူ တစ်ဦးရှိပါတယ်။

 ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်းအထိ လားရှိုးမှာ ကိုဗစ်ရောဂါ ပိုးကူးစက်ခံထားရသူ လူနာ စုစုပေါင်း ၂၉၈ ဦး၊ ရောဂါပျောက်ကင်းပြီး ဆေးရုံမှဆင်းလာသူ ၅၆ ဦးရှိပြီဖြစ်ကြောင်း Covid Operation Team မှ သိရပါတယ်။

Photo : SNTHl, Naung Cho COT

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013