DVB Logo
Home
မြန်မာသတင်း
မြို့သစ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးတွေ့ရှိ
DVB
·
June 26, 2021
မြို့သစ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးတွေ့ရှိ
1 / 2
Donate to DVB

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့မှာ ဇွန် ၂၅ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ယောက်တွေ့ရှိခဲ့တယ်လို့ ပရဟိတ အဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မြိုသစ်မြို့၊ ကွက်သစ်ရပ်၊ ဇီဇဝါလမ်းနေ အသက် (၄၂) နှစ်အရွယ် အမျိုးသမီးတစ်ယောက် အနံ့ပျောက်တဲ့အတွက် မြို့သစ်ပြည်သူ့ဆေးရုံမှာ RDT နဲ့ စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး စတင်တွေ့ခဲ့တာလို့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ဒါအပြင် အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ၊ ကလေး ၂ ယောက်နဲ့ စာသင်ပေးနေတဲ့ ဆရာမကို စစ်ဆေးရာမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေရှိခဲ့ပြီး ဘယ့်ဆီက ရောဂါစကူးတယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

လက်ရှိပိုးတွေ့လူနာတွေရဲ့ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ပြီး စစ်ကောင်စီရဲ့ မြို့သစ်ပြည်သူ့ဆေးရုံက သီးသန့်ဆောင်မှာ ကုသပေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013