DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီး ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ်ဖမ်းဆီး
DVB
·
June 26, 2021
တောင်တွင်းကြီး ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ်ဖမ်းဆီး
Donate to DVB

တောင်တွင်းကြီးမြို့ အုန်းတော ၁ ရပ်ကွက်မှာနေထိုင်တဲ့ ကိုမျိုးမင်းဦးကို ဇွန်လ ၂၅ ရက်နေ့ ည ၈ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က နေအိမ်ကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“မေးစရာရှိလို့ဆိုပြီး အိမ်ကို လာခေါ်သွားတာဘဲ။ ဆိုင်ကယ်နဲ့ ဖုန်းတွေပါ ပါသွားတယ်ပြောတယ်။ အရင်ရက်ပိုင်းကလည်း အဖမ်းခံရပြီး ပြန်လွတ်လာတာ မကြာသေးဘူး'' လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကိုမျိုးမင်းဦးနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက “သူ့ရဲ့ဘယ်ဘက်မျက်လုံးကလည်း ၃ လပိုင်းလောက်က ကြံ့ဖွံ့ကလုပ်တဲ့ တပ်မတော်ထောက်ခံပွဲလုပ်တဲ့သူတွေက လမ်းပေါ်က ပြည်သူတွေကို ပြဿနာရှာတာကို သွားဆွဲရင်း တပ်ထောက်ခံပွဲမှာပါတဲ့သူတွေရဲ့ လေးခွနဲ့ အပစ်ခံရလို့ မျက်လုံးထုတ်ပစ်ရတာ။ မျိုးမင်းဦးတို့က NLD အားပေးတဲ့သူတွေဆိုတော့ အခုအချိန်မှာ ဒလန်တွေ ညှောင့်တာပေါ့”လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာက နေရာတိုင်းလိုလိုမှာ စစ်ကောင်စီရဲ့ဒလန်တွေရှိပြီး လူငယ်အတော်များများဟာလည်း ဒလန်တွေရဲ့မဟုတ်မမှန် သတင်းပေးမှုတွေကြောင့် မတရားအဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်ခံနေကြရကြောင်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013