DVB Logo
Home
မြန်မာသတင်း
ပရဟိတလုပ်ငန်းများအတွက် လိုအပ်သည့် စက်သုံးဆီ Clean Yangon အဖွဲ့က အလှူခံ
DVB
·
June 26, 2021
ပရဟိတလုပ်ငန်းများအတွက် လိုအပ်သည့် စက်သုံးဆီ Clean Yangon အဖွဲ့က အလှူခံ
1 / 4
Donate to DVB

မြန်မာနိုင်ငံတဝန်း ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လိုအပ်တဲ့ စက်သုံးဆီအတွက် ပါဝင်လှူဒါန်းနိုင်ကြောင်း Clean Yangon အဖွဲ့က နှိုးဆော်ထားပါတယ်။

အဖွဲ့အနေနဲ့ လိုအပ်နေရာတွေရောက်စေဖို့ ဆိုင်ကယ်နဲ့တမျိုး ကားနဲ့တဖုံ လူးလားခေါက်ပြန် သယ်ရတာတွေ၊ တချို့ကား/ဆိုင်ကယ် ဝင်လို့မလွယ်တဲ့ နေရာမျိုးတွေမှာ လူအားနဲ့ သယ်ပို့ရတာတွေ ရှိနေပြီး တောင်တက်တောင်ဆင်းတွေမှာ အခေါက်အခါခါ သယ်ပို့ရတာမို့ စက်သုံးဆီ အသုံးပြုဖို့ လိုအပ်နေတာပါ။

လတ်တလောမှာတော့ လိုအပ်နေတဲ့ စက်သုံးဆီဈေးနှုန်း တစ်ပီပါကို ကျပ် ၂ သိန်းခွဲလောက်ထိရှိနေတာမို့ စေတနာရှင်တွေအနေနဲ့ ကျပ် ၅၀၀၊ ၁၀၀၀ ကစလို့ ပူးပေါင်း ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။

Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။        လတ်တလောမှာတော့ မတရားအာဏာသိမ်းကာလ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် နေရပ်ဒေသအသီးသီးက ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ တထောင့်တနေရာကနေ ပံ့ပိုးကူညီမှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013