DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးထားသည့် ပြည်သူများကို ပြန်လွှတ်ပေးရန် သိမ်ဇရပ် PDF သတိပေး
DVB
·
June 25, 2021
ဖမ်းဆီးထားသည့် ပြည်သူများကို ပြန်လွှတ်ပေးရန် သိမ်ဇရပ် PDF သတိပေး
Donate to DVB

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ သိမ်ဇရပ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF က သတိပေးလိုက်ပါတယ်။

သိမ်ဇရပ် PDF တပ်ဖွဲ့ဟာ ဇွန် ၂၅  ရက်‌နေ့ မနက် ၉ နာရီလောက်က သိမ်ဇရပ်မြို့ မြို့အုပ်ချုပ်ရေးမှူးရုံးနဲ့ အရာရှိဝင်းကြီးအနီးမှာ လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပေါက်ကွဲမှုအပြီးမှာ ဖြစ်စဥ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ လမ်းသွားလမ်းလာ ပြည်သူတချို့ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်သိမ်းထားတဲ့အတွက် အပြစ်မဲ့ပြည်သူတွေကို အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ သတိပေးလိုက်တာပါ။

ဒီနေ့ ဖောက်ခွဲမှုဟာ မြို့အုပ်ရုံးမှာ ပြုလုပ်မယ့် အစည်းအဝေးနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်အောက်ခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို အထူးသတိပေးဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ဆက်လက် အထောက်အကူပြု လည်ပတ်နေစေမယ်ဆိုပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထုတ်ပြန်လိုက်တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013