DVB Logo
Home
မြန်မာသတင်း
သိမ်ဇရပ် PDF ဂိတ်ကို လမ်းမှားဝင်လာသည့် စစ်ဗိုလ်နှင့်အမျိုးသမီးကို ဖမ်းဆီး
DVB
·
October 14, 2024
သိမ်ဇရပ် PDF ဂိတ်ကို လမ်းမှားဝင်လာသည့် စစ်ဗိုလ်နှင့်အမျိုးသမီးကို ဖမ်းဆီး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ အောက်တိုဘာ ၁၂ ရက် မနက်က စစ်ကောင်စီ အမှတ် ၃၁၀ တပ်ရင်းက ဗိုလ်တယောက်နဲ့ဇနီးဖြစ်သူတို့ လမ်းမှားပြီး PDF ဂိတ်ကို ဝင်လာတာကြောင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မြို့ခံတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

သိမ်ဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “၃၁၀ အမြောက်တပ်က ဗိုလ်ဟိန်းဇေယျာဦးနဲ့ သူ့အမျိုးသမီးက ကျနော်တို့ဘက်ကို လမ်းမှားဝင်လာတာ။ သူ့စိတ်ထဲမှာ စစ်တပ်ဂိတ်ထင်ပြီး ကားရပ်ပြီးတော့ အမြောက်တပ်ကိုသွားတဲ့လမ်း မေးတာ။ အနောက်မှာ ကျန်ခဲ့ပြီလဲဆိုရော ကားပြန်အလှည့်မှာ ရဲဘော်တွေက ပိတ်ဆို့ဖမ်းဆီးပြီး KNU လက်ကို အပ်ပေးလိုက်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီ ၃၁၀ အမြောက်တပ်က ဗိုလ်ဟိန်းဇေယျာဦးမှာ တပ်ပြောင်းတာမျိုးမဟုတ်ဘဲ မျက်စိလည် လမ်းမှားကာ ရောက်လာကြောင်းနဲ့ သိမ်ဇရပ်မြို့ကိုရောက်ရှိတာ မကြာသေးတာကြောင့် နယ်မြေကျွမ်းကျင်မှု မရှိကြောင်း သူက ဆက်ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ် ဗိုလ်နဲ့အတူ သေနတ်တလက်၊ ယူနီဖောင်းတစုံနဲ့ အရာရှိ စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိမ်ဇရပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဗိုလ်ဟိန်းဇေယျာဦး ဖမ်းဆီးခံရပြီးနောက် သိမ်ဇရပ်မြို့ အမှတ် ၃၁၀ အမြောက်တပ်ဘက်က လက်နက်ကြီးနဲ့ သိမ်ဇရပ်မြို့ထဲကို ရမ်းသန်းပစ်ခတ်ခဲ့ရာ အရပ်သား ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ ၃၁၀ အမြောက်တပ်ကို တော်လှန်ရေးတပ်တွေက မကြာခဏဆိုသလို တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲကို ပြန်လည်ပစ်ခတ်တာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013