DVB Logo
Home
မြန်မာသတင်း
ည ၉ နာရီနောက်ပိုင်း ထန်တလန်မြို့တွင်း၊ မြို့ပြင် သွားလာခြင်းမပြုရန် CDF (ထန်တလန်) သတိပေး
DVB
·
June 25, 2021
ည ၉ နာရီနောက်ပိုင်း ထန်တလန်မြို့တွင်း၊ မြို့ပြင် သွားလာခြင်းမပြုရန် CDF (ထန်တလန်) သတိပေး
Donate to DVB

ချင်းပြည်နယ် ထန်တလန်မြို့မှာ ည ၉ နာရီနောက်ပိုင်း မြို့တွင်း၊ မြိုပြင် သွားလာခြင်း မပြုလုပ်ကြဖို့ CDF (ထန်တလန်) က ဇွန်လ ၂၄ ရက်နေ့ရက်စွဲနဲ့ သဘောထားကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ထန်တလန် မြို့တွင်း၊ မြို့ပြင်မှာရှိတဲ့ မော်တော်ယာဥ်ပိုင်ရှင်တွေအနေနဲ့ ထန်တလန်မြို့ အဝင်အထွက်ပြုလုပ်တာတွေကို CDF (ထန်တလန်) က တာဝန်ရှိသူတွေဆီကို သတင်းပို့ အကြောင်းကြားရမယ်လို့ ဆိုပါတယ်။

မြို့စွန်၊ မြို့ဖျားနေရာတွေမှာ အုပ်စုလိုက် အရက်သောက်စားပြီးတော့ ပြည်သူလူထု အနှောင်အယှက်ဖြစ်အောင် လမ်းပေါ်ထွက် အော်ဟစ်တာတွေမလုပ်ကြဖို့နဲ့ ကောလာဟလ သတင်အမှားတွေ မဖြန့်ကြဖို့ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့နဲ့ လိုက်နာမှုမရှိတဲ့ ဘယ်သူကိုမဆို CDF (ထန်တလန်) က အရေးယူတာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013