DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်ပိုင်တံခွန်အမှု တရားလိုပြသက်သေ ဒုရဲမှူးမလာသဖြင့် ရုံးချိန်းရက်ရွှေ့ဆိုင်း
DVB
·
June 23, 2021
သရုပ်ဆောင်ပိုင်တံခွန်အမှု တရားလိုပြသက်သေ ဒုရဲမှူးမလာသဖြင့်  ရုံးချိန်းရက်ရွှေ့ဆိုင်း
Donate to DVB

ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ သရုပ်ဆောင်ပိုင်တံခွန်အမှုအတွက် ဒီနေ့ ဇွန်လ ၂၃ ရက်နေ့မှာ ရုံးချိန်းခေါ်ထားပေမယ့် တရားလိုပြသက်သေ ဒုရဲမှူး ရောက်မလာတဲ့အတွက် ဇူလိုင် ၇ ရက်နေ့ကို ရုံးချိန်းရွှေ့ဆိုင်းလိုက်ရတယ်လို့ သူ့ရဲ့ရှေ့နေ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

"လိုပြသက်သေမလာတဲ့အတွက် မစစ်ဆေးရသေးပါဘူး။ လိုပြသက်သေဒုရဲမှူးတစ်ယောက် သူတို့တင်ထားတာ အလုပ်များလို့မလာနိုင်တဲ့အတွက် ပြောင်းချိန်းထားပါတယ်" လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်အမှုအတွက် ဇွန်လ ၉ ရက်နေ့ ရုံးချိန်းမှာ တရားလို မြောက်ဒဂုံမြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မင်းအောင်ကို အင်းစိန်ထောင်တွင်းတရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။ 

အမှုကို ပြန်ချေပနိုင်ဖို့ တရားလိုရဲ့စွပ်စွဲချက်တွေ ခိုင်မာမှုရှိမရှိ ပိုင်တံခွန်ရဲ့ ဥပဒေအကြံပေးက သုံးသပ်နေပြီး တရားလိုပြသက်သေတွေရဲ့စွဲချက်တွေကို နောက်ရုံးချိန်းမှာ စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။

"ဒီအဆင့်မှာက ဥပဒေအရဆိုရင် တရားလိုက စွပ်စွဲချက်တွေခိုင်မာကြောင်းတင်ပြရမှာဖြစ်ပါတယ်။ အဲ့ဒါကိုမှ ကျနော်တို့က ခိုင်မာမှုမရှိကြောင်းချေဖျက်ရမှာဖြစ်ပါတယ်။ တရားရုံးက ခိုင်လုံ ကြောင်းသတ်မှတ်ပြီး စွဲချက်တင်မှ ကျနော်တို့ဘက်က ခုခံချေပရမှာဖြစ်ပါတယ်။ တရားလိုဘက်က တင်ပြချက်တွေကို ချေဖျက်နေတဲ့အဆင့်ပဲဖြစ်ပါတယ်" လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။ 

သရုပ်ဆောင်ပိုင်တံခွန်ကို အင်းစိန်ထောင်တွင်းသီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး အခုရုံးချိန်းမှာ ကျန်းမာရေးကောင်းမွန်တာတွေ့ရတယ်လို့ ရှေ့နေကပြောပါတယ်။ ပိုင်တံခွန်ကို စစ်ကောင်စီကစွဲချက်တင်ရာမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်က အထောက်အထားတွေနဲ့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။

မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကို ဧပြီလ ၈ ရက်နေ့က မြောက်ဒဂုံက သူ့ရဲ့နေအိမ်မှာ အကြမ်းဖက် စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်အမှုအတွက် နောက်ရုံးချိန်းကို ဇူလိုင် ၇ ရက်နေ့မှာပြန်ခေါ်ထားပြီး တရားလိုပြသက်သေတွေ ကိုဆက်စစ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013