DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့တွင် Home Quarantine ထားရှိသူ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေ
DVB
·
June 23, 2021
လားရှိုးမြို့တွင် Home Quarantine ထားရှိသူ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေ
Donate to DVB

လားရှိုးမြို့မှာ Home Quarantine ထားရှိသူ အမျိုးသားတစ်ဦး ဇွန် ၂၂ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွား‌ခဲ့တယ်လို့ သိရပါတယ်။

ကူညီဆောင်ရွက်‌‌ပေးနေတဲ့ ပရဟိတအသင်း အဖွဲ့ဝင်တစ်ဦးက "မနေ့တုန်းက suicide လုပ်သွားတာ တစ်ယောက်ရှိတယ်လေ Home Quarantine မှာ။ ဒါပေမယ့် သူက အရက်‌ကြောင်ကြောင်တာ ကြားတယ်။ အဲတော့ သူ့အမျိုးသမီးကို စစ်တယ်။ သူ့အမျိုးသမီးမှာလည်း တွေ့တယ်။ သူ့အမျိုးသမီးကိုလည်း ဆေးရုံပို့လိုက်တယ်" လို့ ပြောပါတယ်။

မိမိကိုယ်ကို အဆုံးစီရင်သွားသူက လားရှိုးမြို့ အမှတ် (၉) ရပ်ကွက် နယ်မြေ (၁၀) မှာ နေထိုင်တာဖြစ်ပြီး ဇွန် ၂၂  ရက်နေ့က နေအိမ်အခန်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

သေဆုံးသူကို ကျန်းမာရေးလမ်းညွှန်ချက်‌တွေနဲ့အညီ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

လားရှိုးမြို့မှာ ကိုဗစ်ပိုးတွေ့ခဲ့ပြီး ရောဂါအခံကြောင့် မန္တလေးမြို့လွှဲပြောင်း ဆေးကုသမှု ခံယူနေရတဲ့ လူနာတစ်ဦးလည်း ဇွန် ၂၂ ရက်နေ့ နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ သိရပါတယ်။

လားရှိုးမြို့မှာ ဇွန် ၂၂ ရက်နေ့က ရရှိတဲ့အချက်အလက်တွေအရ အဆုံးစီရင်သွားသူ အပါအဝင် ပိုးတွေ့လူနာသစ် တစ်ရက်တည်း စံချိန်တင် ၅၈ ဦး ထိ ပိုးတွေ့နှုန်းတိုးလာပြီး ဇွန်လ ၈ ရက်မှ ဇွန်လ ၂၂ ရက်ထိ ကိုဗစ်ပိုးတွေ့လူနာ ၂၀၀ ကျော်ရှိပြီး ရောဂါ ပျောက်ကင်းသက်သာသူ ၂၄ ဦးနဲ့ အဆုံးစီရင်သွားသူ အပါ သေဆုံးသူ ၂ ဦး ရှိပါတယ်။

ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်တဲ့ နေအိမ်၊ ဈေး နဲ့ တက်စပ်နေရာတွေကို ၂ ပတ်တိတိ လော့ခ်ဒေါင်းချထားပါတယ်။

Pra Jaw

Photo Credit - ဝသုန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013