DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု စံချိန်တင်၊ စုစုပေါင်း သေဆုံးသူ ၁၇၄၄ ဦးရှိ
DVB
·
June 23, 2021
ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု စံချိန်တင်၊ စုစုပေါင်း သေဆုံးသူ ၁၇၄၄ ဦးရှိ
Donate to DVB

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးသေဆုံးမှု အသစ် ၅၁ ယောက်နဲ့ စံချိန်တင်မြင့်တက်ခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၁၇၄၄ ယောက်ထိ ရှိလာနေပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အသစ်ကတော့ ၃,၁၇၄ ယောက်ရှိခဲ့ပြီး အဲဒီထဲက ၃၆ ယောက်ကတော့ နိုင်ငံတဝန်း အကျဉ်းထောင်တွေကဖြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံကဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၉၄၁ ယောက် ရှိလာခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလဆန်းကစလို့ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ စတင်ခဲ့တာဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၁၉၉,၆၇၆ ယောက်နဲ့ စုစုပေါင်း ရောဂါကူး စက်ခံရသူ ၂၂၈,၅၃၉ ယောက်ထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာတော့ သန်းချီကူးစက်ခံနိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၇ သိန်းကျော်နဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံတွေအဖြစ်ရှိနေပြီး အဲဒီနိုင်ငံတွေ နောက်မှာ ထိုင်းနိုင်ငံက ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013