DVB Logo
Home
မြန်မာသတင်း
ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရသည့် ကင်းမရွာအတွက် NUG က ကျပ်သိန်း ၁၈၀ ကျော် လှူဒါန်း
DVB
·
June 21, 2021
ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရသည့် ကင်းမရွာအတွက် NUG က ကျပ်သိန်း ၁၈၀ ကျော် လှူဒါန်း
Donate to DVB

ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ကင်းမရွာ ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ငွေကျပ် ၁၈၂ ဒသမ ၆ သိန်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီအလှူငွေတွေကတော့ ကိုရီးယားနိုင်ငံ Civilian Fellowship for International Exchange ကနေ လှူဒါန်းခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ မြေပြင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေဆီ အလျင်အမြန်ရောက်ရှိဖို့အတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်ပေးခဲ့တာလို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့လို့  ကင်းမကျေးရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ ၂၀၀ လောက် ဆုံးရှုံးပျက်စီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သက်ကြီးရွယ်အိုတွေနဲ့ တိရိစ္ဆာန် ကျွဲ၊နွားတွေပါ အသက်ဆုံးရှုံးခဲ့ရပြီး  မီးဘေးသင့်လူဦးရေ ၁၀၀၀ လောက် စားဝတ်နေရေး အခက်အခဲများစွာ ရင်ဆိုင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013