DVB Logo
Home
မြန်မာသတင်း
PDF-Zoland စခန်းတိုက်ခိုက်ဖျက်ဆီးခံရမှု CDF အဖွဲ့ ပြင်းထန်စွာကန့်ကွက်
DVB
·
June 21, 2021
PDF-Zoland စခန်းတိုက်ခိုက်ဖျက်ဆီးခံရမှု CDF အဖွဲ့ ပြင်းထန်စွာကန့်ကွက်
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်ရှိ PDF-Zoland စခန်း တိုက်ခိုက်ဖျက်ဆီးခံရတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း CDF အဖွဲ့က ဇွန်လ ၂၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လမ်းညွှန်မှုနဲ့ အိန္ဒိယ-မြန်မာနယ်စပ်တစ်နေရာမှာ စစ်ရေးလေ့ကျင့် ပြင်ဆင်နေတဲ့  PDF_ Zoland စခန်းကို တီးတိန်နဲ့ တွန်းဇံဘက်ကို စိုးမိုးလိုနေတဲ့ Zomi Revolution Army (ZRA) က ဇွန်လ ၁၆ နေ့လယ်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနဲ့​ ပြည်နယ်အတွက်ခုခံကာကွယ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ကူညီပံ့ပိုးတာ၊ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားခြင်းပြုလုပ်နေတဲ့ ဘယ်အဖွဲစည်း လူပုဂ္ဂိုလ်ကိုမဆို Chinland Defense Force (CDF) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ပြင်းထန်စွာ တိုက်ခိုက်ချေမှုန်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ZRA အနေနဲ့ မတော်တဆပစ်ခတ်တိုက်ခိုက်မိခြင်း မဟုတ်ဘဲနဲ့ နိုင်ငံရေးအမြတ်ထုတ်လိုတာကြောင့် မိမိတို့ မိသားစုညီအစ်ကိုအတွင်းမှာ ရည်ရွယ်ချက်ရှိရှိ အာဏာပြဗိုလ်ကျတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေပါက CDF နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ရတဲ့နည်းလမ်းနဲ့ တိုက်ခိုက်ဆန့်ကျင်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို နည်းမျိုးစုံနဲ့ စစ်ဆေးမေးမြန်းတာ၊ နှောင့်ယှက်ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ဆက်လက်ပြုလုပ်နေပြီး အဲဒီအကြမ်းဖက်လုပ်ရပ်တွေကို ခုခံကာကွယ်ဖို့နဲ့ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းဖို့အတွက် Chinland Defense Force နဲ့အတူ Zomi Federal Union (People Defense Force_Zoland) ကို ဖွဲ့စည်းလှုပ်ရှားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013