DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာရှိ လူဦးရေ သုံးသိန်းကျော်ကို WFP က စားနပ်ရိက္ခာ ထောက်ပံ့
DVB
·
June 21, 2021
လှိုင်သာယာရှိ လူဦးရေ သုံးသိန်းကျော်ကို WFP က စားနပ်ရိက္ခာ ထောက်ပံ့
Donate to DVB

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လှိုင်သာယာမြို့နယ်အတွင်းက လူဦးရေ သုံးသိန်းသုံးသောင်းလေးထောင်ခန့်ကို   စားနပ်ရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လှိုင်သာယာမြို့နယ်အတွင်းမှာ စားနပ်ရိက္ခာတွေ ထပ်မံဖြန့်ဝေပေးသွားဖို့ ရှိတဲ့အပြင် WFP အနေနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာလည်း  အလားတူ အထောက်အပံ့တွေ မကြာမီဖြန့်ဝေပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

WFP ရဲ့ ဒီထောက်ပံ့မူက နေထိုင်မှုအတည်တကျမရှိသေးတဲ့သူတွေ အခြေချရာနေရာတွေ၊ လှိုင်သာယာမြို့နယ်အတွင်း ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံးဒေသတွေက လူထုတွေအတွက် အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံး ထုတ်ပြန်ချက်က ဆိုပါတယ်။

WFP အနေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ  ပေးအပ်လေ့ရှိတဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေကို ရပ်တန့်လိုက်ခြင်းမရှိဘဲ ထပ်တိုးပေးအပ်ကူညီနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မေလမှာ  ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်က စားနပ်ရိက္ခာအခက်အခဲရှိသူ လူဦးရေပေါင်း ၃ သိန်း ၄ သောင်းကျော်ဟာ WFP ထံဆီကနေ လစဉ် အသက်ကယ်ဆယ်ရေးစားနပ်ရိက္ခာ (ဒါမှမဟုတ်) ငွေကြေးအကူအညီတွေကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။

WFP ဟာ ဒီအထောက်အပံ့တွေကို နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေ၊ သက်ကြီးရွယ်အို တွေရှိတဲ့ မိသားစုတွေ၊ မသန်စွမ်းသူတွေနဲ့ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအပြင် အာဟာရ လိုအပ်ချက်ရှိသူတွေနဲ့ ထိခိုက်လွယ်သူတွေကို အဓိက ပေးအပ်ကူညီတယ်လို့ ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013