DVB Logo
Home
မြန်မာသတင်း
အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကြောင့် တရက်တည်း ၅၅၈ ဦးသေဆုံး
DVB
·
June 21, 2021
အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကြောင့် တရက်တည်း ၅၅၈ ဦးသေဆုံး
1 / 2
Donate to DVB

အာဆီယံဒေသတွင်း နိုင်ငံတွေမှာ  ကိုဗစ်-၁၉ ကြောင့် တရက်တည်း သေဆုံးသူပေါင်း ၅၅၈ ယောက်ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ် ၂ ပတ်တာကာလအတွင်း အမြင့်ဆုံးအရေအတွက် ဖြစ်လာခဲ့ပါတယ်။

ဒေသတွင်း ရောဂါကူးစက်ခံရသူအရေအတွက်ဟာလည်း ၄ ဒသမ ၅၃ သန်းကျော် လာခဲ့ပြီဖြစ်ကာ သေဆုံးသူစုစုပေါင်းကတော့ ၈၈,၁၁၉ ယောက်ထိ မြင့်တက်လာခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံမှာတော့ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅,၈၀၃ ယောက်၊ သေဆုံးသူ ၈၄ ယောက်ရှိခဲ့ပြီး ဒေသတွင်း ရောဂါကူးစက်မှုအမြင့်ဆုံး အင်ဒိုနီးရှားနိုင်ငံနောက် ဒုတိယအမြင့်ဆုံး ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၁ ဒသမ ၃ သန်းကျော်၊ သေဆုံးသူပေါင်း ၂၃,၆၂၁ ယောက်နဲ့ ရှိနေတာပါ။

ဖိလစ်ပိုင်အစိုးရတော့ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးသန်း ၄၀ ဝယ်ယူဖို့ သဘောတူလက်မှတ်ရေးထိုးထားတာဖြစ်ပြီး သီတင်းပတ် ၈ ပတ်အတွင်း ရောက်ရှိလာမယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၅၉ ယောက်နဲ့ သေဆုံးသူ ၁၇ ယောက်ရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၄၂,၇၁၁ ယောက်နဲ့ သေဆုံးသူပေါင်း ၄၃၁ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီအထဲက ၇ ယောက်ကတော့ ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အဲဒီထဲက ၅ ယောက်ကတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး ပြန်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

       မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၆ သိန်း ၉ သောင်းကျော်၊ သေဆုံးသူပေါင်း ၄,၄၀၈ ယောက်နဲ့ အာဆီယံဒေတွင်း ကူးစက်မှုတတိယ အမြင့်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။

       ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်ခံ ထိုင်းနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူစုစု ပေါင်း ၂ သိန်းကျော်၊ သေဆုံးသူပေါင်း ၁,၆၂၉ ယောက် ရှိလာနေပြီ ဖြစ်ပါတယ်။

       မြန်မာနိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁ သိန်း ၄ သောင်း ကျော်၊ သေဆုံးသူပေါင်း ၃,၂၆၂ ယောက်နဲ့ အာဆီယံဒေတွင်း ကူးစက်မှု စတုတ္ထအမြင့်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013