DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီအယ်ဒီတာချုပ်အပါအဝင် ၄ ဦး CPJ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆုရရှိ
DVB
·
June 19, 2021
ဒီဗွီဘီအယ်ဒီတာချုပ်အပါအဝင် ၄ ဦး  CPJ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆုရရှိ
Donate to DVB

မြန်မာ၊ ဘယ်လာရုစ်၊ ဂွါတီမာလာနဲ့ မိုဇမ်ဘစ်နိုင်ငံတို့က သတင်းသမား ၄ ဦးကို နယူးယောက် အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ ( CPJ) က ၂၀၂၁ ခုနှစ်အတွက် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုပေးအပ်ကြောင်း ဇွန်လ ၁၅ ရက်က ကြေညာပါတယ်။

ဆုပေးဖို့ ရွေးချယ်ခံရတဲ့ သတင်းသမား ၄ ယောက်ကတော့ မြန်မာနိုင်ငံက ဒီမိုကရက်မြန်မာ့အသံ (DVB) သတင်းဌာနရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်၊  ဘယ်လာရုစ်နိုင်ငံက သတင်းထောက် ဘာရီဆီဗစ်ရှ် ၊  ဂွာတီမာလာက ရေဒီယိုဂျာနယ်လစ် အန်နက်စတာစီရာ မီဂျီရာနဲ့ မိုဇမ်ဘစ်နိုင်ငံက  စုံစမ်းထောက်လှမ်းအပတ်စဉ်သတင်းစာ Canal de Moçambique ရဲ့ အမှုဆောင်အယ်ဒီတာ မာတီရက်စ် ဂူအန်တီ  တို့ဖြစ်ပါတယ်။

အဆိုပါသတင်းသမား ၄ ယောက်ဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံရေး မငြိမ်မသက် ကသောင်းကနင်းဖြစ်ချိန် ဆန္ဒပြပွဲတွေမှာ  သမိုင်းဝင် ပဋိပက္ခအချိန်ကာလတွေမှာ  သတင်းတွေထုတ်လွှင့် ပေးပို့ခဲ့ကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။ 

သတင်းအချက်အလက်တွေ ထိန်းချုပ်ခံထားတဲ့တိုက်ပွဲရဲ့ အလယ်မှာ ဒီသတင်းသမားတွေဟာ ပြည်သူတွေဘက်က ရပ်တည်ပြီး အဖြစ်အပျက်တွေကို သတင်းလုပ်ခဲ့ကြတယ်၊  ရပ်ရွာအသိုက်အဝန်းကို သတင်းတွေပေးခဲ့ကြပြီး  တာဝန်ယူ တာဝန်ခံမှု အသေအချာ လုပ်ခဲ့ကြတယ်လို့  CPJ အမှုဆောင်ဒါရိုက်တာ ဂျိုးလ်ဆိုင်မွန်က ပြောပါတယ်။

သူတို့ရဲ့ စွန့်လွှတ်မှုတွေနဲ့ မဆုတ်မနစ်ဆောင်ရွက်ချက်တွေကို  ဂုဏ်ပြုပြီး သတင်းလွတ်လပ်ခွင့်နဲ့ အမှီအခိုကင်းတဲ့သတင်းလောကအတွက်အခိုင်အမာရပ်တည်ခဲ့တဲ့ သူတို့ရဲ့ သတ္တိကို အောင်ပွဲခံဖို့ မျှော်လင့်တယ်လို့ လည်းဆိုပါတယ်။

ဆုရရှိသူတွေကို ၂၀၂၁ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ  CPJ ရဲ့ နှစ်ပတ်လည်အခမ်းအနားမှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013